Professional Authors

ခါးသီးခြင်းတွေ ပွေ့ပိုက်ခဲ့ရတဲ့ ” ည”

အိပ်မပျော်ခဲ့ရတဲ့ ည ပေါင်းများစွာထဲမှာ

အဲ့ဒီညလေးကို ကျနော် အမက်မောဆုံးဘဲ….

အိမ်မက်လေးဘဲဖြစ်လိုက်ပါရစေတော့လို့

အကြိမ်ကြိမ် ဆုတောင်းခဲ့ရဖူးတဲ့

ည လေးတစ် ည ပေါ့

မျက်ရည်တွေနဲ့ ခြေဆေး

အဲ့ဒီ ည က သူမ သိပ်လှနေခဲ့တရ်( မျက်ရည်တွေနဲ့ပေါ့ )

မငိုပါနဲ့ မငိုပါနဲ့လို့ တားဆီးရင်း

ကျနော် ကိုယ်တိုင်ကိုက ကျမျက်ရည်တွေ

မတားဆီးဖြစ်ခဲ့ဘူး

ဆောင်းတွင်းမက်တဲ့အိမ်မက်ရှည်တစ်ခုလို

ဂယောက်ဂယက်နဲ့ ကျနော်ကနွေရာသီမှာ

မက်ခဲ့ဖူးတာပါ

သေခါနီးလူတစ်ယောက်လို

မှာတမ်းတွေခြွေချ မနက်ဖြန်ဆိုတာ

ငါ့အနာဂတ်မှာ ကြက်ခြေခတ်ထားလိုက်တရ်

မနက်ဆိုစောစောထပါ။

အရင်လိုမင်းရဲ့နိုးစက်လေး

ငါဖြစ်ခွင့်မရှိတော့ဘူး

ကျောင်းသွားတဲ့အခါ

ဆိုင်ကယ်ကိုဖြည်းဖြည်းစီးပါ

မိုးအုံ့တဲ့အခါ မိုးကာယူသွားဖို့လည်း

မမေ့ပါနဲ့ ထီးမဆောင်းတတ်တဲ့

မင်းအတွက်တော့ မိုးကာလေးက

အဆင်ပြေပါတရ်

နေ့လည်စာစားချိန်ရောက်တိုင်းလည်း

ထမင်းစားဖို့မမေ့ပါနဲ့

အရင်လိုသတိပေးခွင့်

ငါ့မှာမရှိတော့ဘူး

သွားသတိ၊ လာသတိအမြဲရှိပါ

မင်းအတွက်အမြဲမရှိပေးနိုင်တော့တဲ့ အတွက်

ငါစိတ်ပူတရ်

အချဉ်၊အစပ်တွေ သိပ်မစားနဲ့

ဗိုက်အောင့်လိမ့်မရ်

အရင်လိုဆေးတိုက်ခွင့်

ငါ့မှာမရှိတော့ဘူး

နှစ်တစ်နှစ်ရဲ့ ရက်စွဲလေးတစ်ခုကို

ကုန်လွန်ခဲ့ချိန်တိုင်း

တမ်းတမ်းတတ မဟုတ်ရင်တောင်

အမှတ်တမဲ့လေး ဖြစ်ဖြစ်သတိရပေးပါ

ငါကတော့ တိတ်တိတ်လေး

ငိုကြွေးမရ် နင့်ဓာတ်ပုံလေးကြည့်ရင်းပေါ့

အတူပျော်ရွှင်ခဲ့ကြဖူးတဲ့ နေ့ရက်လေးတွေ

ပြန်တမ်းတ ငါ့ရင်မှာ နင်မရှိတာသေချာသွားပြီနော်

နင်မရှိတော့တဲ့ အခါ

ငါ့ညတွေက ခါးသီးလွန်းတရ်

ခဏခဏ လန့်နိုးသွားတဲ့အခါ

ယောင်ယမ်းပြီးစမ်းမိတဲ့

ငါ့ဘရ်ဘက်ပုခုံးပေါ်မှာ

နှစ်ခြိုက်စွာအိပ်စက်တတ်တဲ့

မင်း ရှိမနေခဲ့ဘူး

အိပ်မပျော်ခဲ့ရတဲ့ ညတွေကိုကျော်ဖြတ်

မနက်ခင်းတွေတိုင်းကလည်း

အသက်မဲ့နေခဲ့ရတာပဲလေ

မနက် မနက်ဆို

အဖော်မဲ့နေတဲ့ ဆင်တူသွားတိုက်တံလေးက

ငါ့တို့လှောင်ပြောင်နေသလိုဘဲ

ဒဏ်ရာတွေနဲ့ ငါ နေသားမကျသေးပါဘူးဟာ….

ထားသွားခဲ့တဲ့ သူနဲ့ ကျန်နေခဲ့တဲ့သူ

တကရ်တော့ အတူတူပါဘဲဟာ

ငါမသိစိတ်က သိနေတရ်

နင်လည်း ငါ့ကို အမှတ်တမဲ့လေးဖြစ်ဖြစ်

သတိရနေမှာပါ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို

နင်ရွေးချယ်ဆုံးဖြတ်သွားတဲ့

လမ်းမှာ ငါကနင့်အတွက်

ဆူးညှောင့် ခုလုတ် မဖြစ်စေရပါဘူးဟာ

ငါ နာကျင်ကြေကွဲနေရပါစေ

ငါကျေနပ်နေမှာပါ

နင်ပျော်မရ်ဆိုရင်ပေါ့

ဟိုးဝေးဝေး တစ်နေရာက

နင်မကြားနိုင်လောက်တဲ့

နေရာကနေ ငါဆုတောင်းပေးနေမှာပါ

နင်ပျော်ပါစေ…..ချစ်သူ ။

မာန်ခက်ဝင့်

27/09/2012

1:30 PM

In: ကဗျာ Posted By: Date: Sep 27, 2012
Comment #1

:'(
:'(
:'(
hit to my heart deeply,

commentinfo By: ei lay at Sep 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment