Professional Authors

ချစ်သူအလွမ်းဖွဲ့ရိုးရိုးကဗျာတစ်ပုဒ်

ချစ်သူအလွမ်းဖွဲ့ရိုးရိုးကဗျာတစ်ပုဒ် 

ညနေတွေဆို လွမ်းတယ်ဆိုပဲ
ချစ်သူ နှစ်ဦးထိုင်ခဲ့တဲ့
ခုံတန်း ရှည်လေးကတော့
အဖော်မဲ့ ကျောဆန့် နေမယ်။

မပြေချောတဲ့ လမ်းတွေဘေး
ရစ်ခွေငေးမှိုင်နေလို့
အဲဒီမြို့လေးရဲ့
သေးငယ်တဲ့ ညနေတွေမှာ 
ချစ်သူ အလှက တစ်မျိုး
ညနေ အလှက တစ်မျိုး ။

ပို့တဲ့ အလွမ်းစာတွေက
         နှလုံးသားလောက် မမြန်။

ချစ်သူ့မြို့လေးမှာ
ပန်းခြံတွေလည်း မရှိ
ရုပ်ရှင်ရုံတွေလည်း မရှိ
ဖန်စီရှော့တွေလည်း မရှိ
ချစ်သူများနေ့လည်း မရှိ ။

အလွတ်ရနေတဲ့
“တစ်ယောက်တည်းလား”ဆိုတဲ့ အမေးကို
အပြုံးနဲ့သာ ဖြေရမှာပေါ့။

အလွမ်းနဲ့တင် ချစ်သူမြိ့လေးက
နေပျော်စရာ ကောင်းသွားမယ်။ ။

မောင်နေပြာ ၂၅၊၁၁၊၀၅ National Day

In: ကဗျာ Posted By: Date: Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment