Professional Authors

“နှစ်သက်ဖူးသောကဗျာတစ်ပုဒ်”

တစ်ဝက်သေချာ

ရှိတာလေးနဲ့ တင်းတိမ်
ထမင်းမြိန်အောင်လည်း စားတတ်ရမယ် …

အပျော်အပါးတွေကင်း
မိန်းမပျင်းလည်း မဖြစ်ရဘူး …

အပြောအဆိုတွေ ယဉ်ကျေး
အပျိုလေးလည်း ဖြစ်ရမယ် …

အကုန်တွေ့ သမျှ ပူဆာ
မူယာ၊မာယာလည်း မများရဘူး …

ပေးသမျှနဲ့ လှအောင်ဝတ်
အလျှော်အဖွပ်လည်း တော်ရမယ် …

မိဘတွေကို ရိုသေ
အပိုတွေလည်း မပြောတတ်ရဘူး …

ငါးဖြာဝတ်ကို ကျေပွန်
ရည်မွန်သူလည်း ဖြစ်ရမယ် …

degree ဘွဲ့ တွေအကုန်ရ
အမြုံမလည်း မဖြစ်ရဘူး …

ဒီအရည်အချင်းတွေနဲ့  ပြည်စုံရင်တော့
နင်ဟာ ငါ့ ချစ်သူဖြစ်ဖို့ 
တစ်ဝက်လောက် သေချာပြီ … ။     ။

anonymous

ကျွန်တော်D.G.Uပထမနှစ်လောက်ကဖတ်ခဲ့ဖူးတဲ့ကဗျာလေးပါ။
ရေးသူကိုတော့မမှတ်မိတော့ပါ။

In: ကဗျာ Posted By: Date: Jul 15, 2010
Comment #1

အော်…တစ်ဝက်စံတောင်
ဒီလောက်မှန်းရင်…..
ဝူးးးးးးးးးးးးးးးးးးဟူးးးးးးးးးဟူးးးးးးးးး

commentinfo By: ZANZAN at Jul 15, 2010
Comment #2

ကြိုက်လို့ ကူးသွားတယ်

commentinfo By: မယ်မနော at Jul 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment