Professional Authors

ချစ်သူအလှနှင့်ကျွန်တော့မျက်ရည်ဇတ်သိမ်းခန်း

ကမ္ဘာမြေကြီးအလှဟာ
လကမ္ဘာကကြည့်ရင်ပိုလှသလို
ငါ့ရဲ့နတ်သမီး မင်းအလှဟာ
တစ်စက္ကန့်အတွင်းမှာ
ငါ့နှလုံးသားရပ်တန့်သွားနိုင်တယ်။

ပန်းတွေဟာ
ရွှေရည်လောင်းမှပိုလှသလို
ငါချစ်ရသူမင်းဟာ
ငါအသက်ရှုဖို့ထိတောင်
မေ့နိုင်ပါတယ်။

ဒီအလှတွေမှာငါယစ်မူး
မယုံနိုင်လောက်အောင်
အမုန်းချစ်ခဲ့ပေမယ့်
ငါ့ချစ်သူရယ်အဆုံးမှာတော့
မင်းအပြုံးများနဲ့သာ
ငါ့ကိုထားခဲ့တယ်။

မျက်စိထဲကမထွက်ခဲ့ပါဘူး
မင်းပုံရိပ်များနဲ့
မင်းအလှများမှာ
ငါဟာယနေ့ထက်တိုင်
အသက်ရှင်လျှက်ပါ။

တမ်းတမိတုန်းပေါ့ ချစ်သူ
မျက်ရည်များလည်း ကျလာတယ်
ငါပြန်ကာမေးကြည့်တော့
မျက်ရည်ကပြောလိုက်တယ်
မင်းမျက်ဝန်းထဲက
နတ်သမီးဟာ
ဝင်လာတာကြာခဲ့ပေမယ့်
နေရာတွေပြည့်ဝကာ
ယူပြီးပြီမို့
သူအတွက်နေရာ
မရှိရှာတော့ဘူးတဲ့ကွယ်။

In: ကဗျာ Posted By: Date: Dec 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment