Professional Authors

ငါ့ဘေးနားက သူငယ်ချင်း (ဥတ္တရာအောင်)

အဓိပ္ပာယ်မရှိတာကိုက အဓိပ္ပာယ်ရှိနေတာ
အဓိပ္ပာယ် .. ဟုတ်တယ် အဓိပ္ပာယ်
ခုတလော အဓိပ္ပာယ်က ကော်ဖီရောင်ထနေတဲ့ စားပွဲတစ်လုံးပါပဲ
ဂနာမငြိမ်… ဖျတ်ဖျတ်လူး… မီးလျှံလို ယိုင်ထိုးစိတ်ကူးကို ဖိုထိုးပြီးထိုင်နေပေါ့
တစ်ခုခုနဲ့ ငြိနေသလားဆိုတော့…
စိတ်ကလေး အသံတချွင်ချွင် မြည်ဟည်းထပုံ .. ရင်ဘတ်ထဲ တောမီးလောင်ရပုံများ.. သြော် အဆန်းတကြယ်
ဝက်သားဆီချက်ကော်ဖီ၊လီမွန်တီးအအေး၊ဆေးလိပ်တစ်ပွဲ၊ရေနွေးကိုတော့ ဟိုချာတိတ်နဲ့ပို့ခိုင်းလိုက်မယ်
အဲဒီလို… အဲဒီလို … အဲဒီလိုမျိုး …
ခုမိုးပြိုတယ် .. တော်ကြာ နေသာတယ် .. ခဏနေ ရေကြီးသွားပြန်ရော ..တကယ့် အဓိပ္ပာယ်ပဲ
အဓိပ္ပာယ် ..ဟုတ်တယ် .. တကယ့် အဓိပ္ပာယ်ပဲ
ထင်တာတွေချည်း မုန့်လုံးစက္ကူကပ် ပြောပြောနေ .. အရသာကိုလေနဲ့လျက်ပြီးချိုမနေနဲ့
ကြည့် .. ဆိုင်းဘုတ်.. မောင်းမယ်ဆို ဒီယဉ်ကျေးမှုမျိုးက တစ်လမ်းမောင်းပဲ
သတိလမ်းလွှဲမှ သွားပါ..ရှေ့ကိုက်တစ်ရာတွင် ရထားလမ်းကူးရှိသည်.. ကျောင်းရှိသည်ဖြည်းဖြည်းမောင်း ..စသဖြင့်..
ညာဖက်များကွေ့ချလိုက်ရင် သက်သာရာရမယ်လို့များထင်နေသလား…ထင်များ ထင်နေသလား
အချစ်က ဟွန်းမတီးပဲကွေ့လာတတ်တဲ့ကားအကွာအဝေး မိုင်တိုင် ၁၅၀၀မှာယာဉ်တိုက်မှုများဖြစ်ပွားခဲ့တယ်ဆိုရင်
အခြေအနေဟာ ဘာအခြေအနေလဲ အခြေအနေဆိုတာ လူပဲ လူဆိုတာ အခြေအနေပဲလေ
မမြင်ဘူးလား..စည်းဘောင်နဲ့ ..အကန့်အသတ်နဲ့..အကာအရံနဲ့..ပိုက်နက်ကို မျက်စပစ်တာလည်း ..
ပြစ်မှုတစ်ခုကို မသမာမှုနဲ့ ကျူးလွန်နေတာပဲ
ဟူး…………. အဓိပ္ပာယ်ပဲ၊ အဓိပ္ပာယ်.. ဟုတ်တယ် တကယ့် အဓိပ္ပာယ်ပဲ
ဒီမှာမင်းထိုင်ခုံ..ဟိုမှာ သူ့စားပွဲ.. သူ့ချစ်သူကတော့ ခုံအဖျားမှာတင်ထားတဲ့ခွက်ပေါ့..အချိန်မရွေး..
ခွမ်း…ကနဲကျကွဲသွားနိုင်ပါတယ်
ပျော်ပျော်နေ…ပျော်ပျော်နေ..ဟုတ်တယ် ပျော်ပျော်နေ.. အမြဲပျော်ပျော်သာနေ
ဟုတ်တယ်မဟုတ်လား အဓိပ္ပာယ် မရှိတာကိုက အဓိပ္ပာယ်ရှိနေတာပဲလေ…………။ ။

ဥတ္တရာအောင်
၂၀၀၉ ၊ဒီဇင်ဘာ idea

Comment #1

like poem…

commentinfo By: MinHtetngyein at Jul 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment