Professional Authors

မင်းမဖတ်လိုက်ရတဲ့ ကဗျာ (နေမျိုး)

လမ်းတကာမှာ ငါတစ်ကိုယ်တည်း လွင့်နေခဲ့စဉ်က
ဒီကောင် ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ဝိုင်းပြောကြတယ်။
ဒါပေမဲ့ လမ်းတကာမှာ ငါတစ်ကိုယ်တည်း ဆက်လွင့်နေခဲ့တယ်။
ငါ အရက်ဆိုင်တွေ ဝင်ထိုင်တတ်ခဲ့တယ်။
မိန်းမတွေကို နမ်းတတ်ခဲ့တယ်။
မောင်းပြန်ဓားခလုတ်ကို ဖွင့်တတ်ခဲ့တယ်။
ပြီးတော့ ဝေလငါးကိုလည်း မျှားတတ်ခဲ့သပေါ့။
ဒီအချိန်မှာ ငါ့မြို့ကို ငါပြန်လာခဲ့ပါပြီ။
ဒီကောင် သိပ်အဓိပ္ပာယ်ရှိတယ်လို့ ဝိုင်းပြောခြင်းကို ငါခံရပါပြီ။
ငါဟာ သူတို့အဖို့ဘယ်လို အဓိပ္ပာယ်ရှိသလဲ။
ငါဟာ သူတို့အဖို့ အဓိပ္ပာယ်တစ်ခုခု ရှိနေတာကို ငါမုန်းတယ်။
အဓိပ္ပာယ်ဆိုတာ
ငါ့အတွက် စိတ္တဗေဒ ကျင်းတစ်ကျင်းပဲ
အဲဒီကျင်းထဲမှာ ငါခြေချော်ပြီး လိမ့်ကျခဲ့တာပါ။
ဒီအဓိပ္ပာယ်က လွတ်မြောက်ဖို့ရာ
ကျင်းထဲက ငါပြန်တက်နိုင်မှ ဖြစ်မယ်
ဘယ် အဘိဓာန်အကူအညီနဲ့
ဒီအဓိပ္ပာယ်က လွတ်မြောက်ခွင့်ရမလဲ
အပေါ်ကို မော့ကြည့်လိုက်တယ်
ဘာမျှမရှိတဲ့ ဟင်းလင်းပြင် တစ်ခု။ ။
– နေမျိုး

Leave Comments

Name*

Email*
Website
Email me whenever there is new comment