Professional Authors

နှုတ်ဆက်စကား (ဥတ္တရာအောင်)

တံတားကလေး ကျိုးရင်လည်း ကျိုးတဲ့အတိုင်း ရှိစေတော့
ကမ်းပါးကလေးပြိုရင်လည်း ပြိုတဲ့အတိုင်းရှိစေတော့
ရိုးသားခြင်းလောက် ဘယ်အရသာမှ မချိုမြိန်နိုင်ဘူး
အမှန်တရားကို
ဘယ်ဘုရားမှ မမြင်ခဲ့ဘူးဆိုရင်လည်း ရှိစေတော့
မျှော်လင့်ထားတာတွေ ပျက်စီးလွယ်တဲ့ဘဝမှာ
သံဆူးခံထားရတဲ့ သစ်သားလေး တစ်ချပ်ပါ
မပျော်ရွှင်မှုကို
ဘယ်ဖုန်းနံပါတ်ဆက်ပြီးတိုင်ရမှာတဲ့လဲ
ဟာသတွေနဲ့ အကျွမ်းတဝင်မရှိတော့
ဖြစ်ခြင်း ပျက်ခြင်းတွေမှာလည်း ရယ်သွမ်းသွေးမနေနိုင်ပါဘူး
မဖြစ်နိုင်တာတွေ သိပ်များလွန်းတော့လည်း
အပွန်းအပဲ့တွေ အနာအဆာတွေနဲ့ ကြီးကျယ်ခန်းနားလို့
ဒီလို
ကမ္ဘာကွယ်မယ်မှန်းသိသိနဲ့
ဘဝကို အရောင်လက်သွားအောင်
ရွှေချချင်ခဲ့သူ
ကိုယ်ဟာ
ဒုက္ခလို့ မမြင်နိုင်အောင်ပဲ အမှောင်မှာ လင်းကျင်းခဲ့ပါတယ်
အားလုံး ပျော်ရွှင်ပါစေတော့။
ဥတ္တရာအောင်
In: ကဗျာ,ဥတ္တရာအောင် Posted By: Date: Jul 25, 2012
Comment #1

😛

commentinfo By: ei lay at Jul 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment