စင်တင်မယ့် ဒဏ်ရာ – နရီထက်
နာကြည်းချက်တွေ အသာစီးရသလို
ခံစားချက်တွေ ပြေးထွက် ကစားနေလေရဲ့
ကြည်ဖြူမှု တွေ ဝေးလာ ဝေး
ညသန်းခေါင်ဆို ဌက်ဆိုးထိုးသံတွေ လွင့်ပျံပေါ့
မီးစတွေ ဆွပေး အမှိုက်သရိုက်တွေ ရောက်လာတယ်
တစ်ကိုယ်တော်အတွက် တစ်ကိုယ်ကောင်းဆန်တတ်ခဲ့သလို
အရိပ်တွေ ရုပ်ကြွဖြစ်နေရော..
ပန်းချီကားတစ်ကားအတွက် ဆေးချက်တွေ များလှပြီး
ဘယ်နေ့ ကောင်းကင်ပြိုကျမယ့် တကဲကဲရယ်
နှလုံးသားကို လမ်းကြောင်းမယ့်
အုတ်မြို့ရိုးလည်း ပျက်ခဲ့ပြီး
ယနေ့သင်မယ့် သမိုင်းစာအတွက်
စာမျက်နှာတွေ ကျော်ကျော်ခဲ့ပြီး
ရာဇ၀င်ဆိုတာ ငါကိုယ်တိုင် ထွင်ခဲ့ချင်ပြန်ပြီး…
ပူလောင်သမျှ အလင်းရမှန်း
ငါ ငမ်းငမ်းတက်ခဲ့ပြီး..
ကမ္ဘာပျက်မယ့်အကြောင်း
ဖာတေးစရာတွေ တပုံကြီး..
ပထ၀ီအနေအထားအရ
ငါ့နှလုံးကို မာသမျှမာ
သွေးယိုသမျှ ဖုံးနိုင်သမျှ ဖုံးခဲ့ပြီးပြီး
ငါ့ဦးနှောက် ကြေငြာစာတမ်းတွေက
စင်တင်မယ့်ရက်ကို…
စောင့်မျှော်နေတတ်ပြီး… …. …. ။ ။
နရီထက်
( ၂၆ ၊ ဂျူလိုင်လ ၊ ၂၀၁၂ )
Comment #2
နာကြည်းချက်တွေ အသာစီးရသလို
ခံစားချက်တွေ ပြေးထွက် ကစားနေလေရဲ့
ကြည်ဖြူမှု တွေ ဝေးလာ ဝေး………….. အစ်ကို့ကဗျာတွေမဖတ်ရတာကြာပြီ ခေါင်းစဉ်နဲ့တင်ကြိုက်သွားပြီ။
By: မာန်ခက်ဝင့် at Jul 31, 2012
Comment #3
ယနေ့သင်မယ့် သမိုင်းစာအတွက်
စာမျက်နှာတွေ ကျော်ကျော်ခဲ့ပြီး
ရာဇ၀င်ဆိုတာ ငါကိုယ်တိုင် ထွင်ခဲ့ချင်ပြန်ပြီး…အဲ့စာသားလေး ခိုက်တယ် ကိုကြီး အားပေးသွားတယ်။
By: thuya at Oct 13, 2012





Comment #1
အားပေးသွားပါတယ်