Professional Authors

ရင်တွင်းဖြစ် ဒဏ်ရာ

ငါမအိပ်သေးတာ မင်းကိုလွမ်းလို့မဟုတ်ပါဘူး
လက်ဖတ်တွေစားပြီး အိပ်လို့မရလို့ပါ

ငါကဗျာတွေရေးတာ မင်းကြည်နူးဖို့မဟုတ်ပါဘူး
ငါ သူများ အတန်းရှင်း လို ချင်လို့ပါ

ငါမင်းကို ရန်တွေ့တာ သ၀န်တိုလို့မဟုတ်ပါဘူး
မင်းငါ့ကို သ၀န်တိုပြီး ရန်တွေ့ချိန် မရစေလို့ပါ

ငါမင်းကိုချစ်တယ်လို့ ပြောတာ ကဲပြတာမဟုတ်ပါဘူး
ချစ်လို့ ချစ်တယ်လို့ ရေးလိုက်တာပါ

ငါလုပ်ချင်တာတွေကို ငါလုပ်တာ မင်းအပြစ်မဟုတ်ပါဘူး
ငါမလုပ်ချင်တာတွေကို သာ မင်းကူလုပ်ပေးသွားပါ

ငါဘ၀မှာ မင်းအချစ်ကို လိုတယ်ဆိုတာ ရေမရောပါဘူး
မင်းသာ ငါ့ ကို ချစ်နိုင်ဖို့အတွက် ငါ့အကျင့်တွေကို ရေမရောခိုင်းပါနှင့်

ငါဒီဘ၀မှာ မိန်းမတွေ အချင်းချင်း ချစ်တဲ့အချစ်ကို နားမလည်နိုင်ပါဘူး
ဒါပေမဲ့ မိန်းမတွေကို တော့ ငါ့လေးစားပြီး ချစ်ကြောင်း မင်းပြောပေးပါ

အိပ်မရတဲ့
ဒဏ်ယာ (ညစာထ စားရင်း ရေးလိုက်ပါသည်)
စက်တင်ဘာ၊၁၃။၂၀၁၁  ၄ ၁၁ အေအမ်

In: ကဗျာ Posted By: Date: Sep 13, 2011
Comment #1

ဘာပြောရမှန်းတောင်မသ်တော့ပါဘူး……….:P

commentinfo By: May Kha at Sep 13, 2011
Comment #2

ငါမင်းကိုချစ်တယ်လို့ ပြောတာ ကဲပြတာမဟုတ်ပါဘူး
ချစ်လို့ ချစ်တယ်လို့ ရေးလိုက်တာပါ

ငါဘ၀မှာ မင်းအချစ်ကို လိုတယ်ဆိုတာ ရေမရောပါဘူး
မင်းသာ ငါ့ ကို ချစ်နိုင်ဖို့အတွက် ငါ့အကျင့်တွေကို ရေမရောခိုင်းပါနှင့်

commentinfo By: Zin Zin at Nov 9, 2011
Comment #3

hint,,
hint,,

commentinfo By: ei lay at Dec 13, 2011
Comment #4

read & feel again.

commentinfo By: ei lay at Jul 27, 2012
Comment #5

Thanks for reading guys and girls!

commentinfo By: Danyar Studios at Apr 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment