Professional Authors

ဒိုင်ယာယီထဲက ဒဏ်ရာ

ငါရိုးရိုးလေးတောင်းဆိုခဲ့တာပါ
ဘာမာနမှမပါ…
ဘာအတ္တမှမပါ…
ဘာနှောင်ဖွဲ့ခြင်းမှမပါ…
ဘာဆိုဘာမှမပါတဲ့
မျှော်လင့်ချက်လေးနဲ့
အဖြူရောင်ဆိုတဲ့
သံယောဇဉ်လေးတွေနဲ့သာ
ရစ်ပတ်ချည်ချင်ခဲ့တာပါ
တကယ်တော့ နင်က
ငါ့တောင်းဆိုမှုအောက်မှာ
လှောင်ပြုံးလေးနဲ့ နှစ်သိပ်ခဲ့တယ်
ငါ့ စိုးရိမ်မှုတွေအောက်မှာ
ဟားတိုက်ရယ်မောခဲ့တယ်
ငါ ယုံရခက်နေတယ်
နင်ရက်စက်ရက်တယ်နော်
ငါ တကယ်ကိုမထင်ခဲ့တာပါ
ဒါက ငါမှားခဲ့တာပဲလား
နောက်ဆုံးမှာ
မှုန်တေတေစာမျက်နှာပေါ်က
ပြင်းရှရှ စုတ်ချက်တွေ
အတွင်းစာမျက်နှာမှာ
ပိန်လှောင်မွန်းကျပ်နေတဲ့
ခပ်နွမ်းနွမ်း ဒိုင်ယာယီတစ်ပုဒ်ကြောင့်
စေးပျစ်ပျစ်မင်ရည်တွေ ကုန်ဆုံးခဲ့ရတယ်။

လွမ်းပိုင်ရှင်

[email protected]

lwanpaishin.blogspot.com

 

In: ကဗျာ Posted By: Date: May 13, 2012
Comment #1

all of ur choice of words r so strong,, :O
the whole poem has lots of attraction.

commentinfo By: ei lay at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment