Professional Authors

အချစ်ကိုနေလှန်းခြင်း

ကဲ….ငါသမိုင်းရေးမယ်..

အဲဒီထဲမှာ ကျန်စစ်သားမပါဘူး

အနော်ရထာမပါဘူး

ပျော်ရင်တော့လာခဲ့ပေါ့

လက်ကမ်းလို့ ခေါ်မယ်မထင်နဲ့

ငါရွံရှာသွားတာ

တောင်ကြီးမြို့ ရဲ့ (sea level)

ပင်လယ်ရေညီမှတ်အတိုင်းပဲ

 

ကဲ…ငါ့စာမျက်နှာတွေစုတ်ဖြဲပစ်မယ်

အဲဒီထဲမှာ ကဗျာမပါဘူး

အကြင်နာမပါဘူး

လာချင်ရင်တော့လာပေါ့

ကြိုဆိုမယ်တော့မထင်နဲ့ 

ငါ့နောင်တဟာ

တောင်ကြီးမြို့ ရဲ့ ကြိုးတံတားကြီး

ဆွေးမြေ့နေသလိုပဲ

 

မဟုတ်မဟ..အရှုပ်ထုပ်တွေနဲ့ 

လုပ်ဇတ်တွေကြားမှာ

ပျော်မွေ့ နေတဲ့ မင်းကို

ခေါ်ထုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူးတယ်

ဒါပေမယ့် …ရိုးသားတဲ့ ငါ့နှလုံးသား

အရောင်မှိန်တာပဲ အဖတ်တင်တယ်

 

အချစ်ရဲ့  ဆန့် ကျင်ဖက်ဟာအမုန်းမဟုတ်ဘူး..

ဥပေက္ခာတဲ့  ….

 

ပျားရည်သာခါးသွားမယ်..ချစ်သူ

မင်းနှုတ်ခမ်းမခါးဘူးဆိုတာ ငါယုံတယ်

ဒီတော့…မုသားချိုချိုထဲကို

ဆေးတကြားခပ်

မပြတ်ဒရစပ်မွေရော

နင့်အပြောမှာ

ဒီတစ်ခါလဲ…မျောအုံးမယ်ထင်တယ်……

 

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)

sep .03.2011(05:14 AM)

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

ပျားရည်သာခါးသွားမယ်..ချစ်သူ

မင်းနှုတ်ခမ်းမခါးဘူးဆိုတာ ငါယုံတယ်

ဒီတော့…မုသားချိုချိုထဲကို

ဆေးတကြားခပ်

မပြတ်ဒရစပ်မွေရော

နင့်အပြောမှာ

ဒီတစ်ခါလဲ…မျောအုံးမယ်ထင်တယ်……

commentinfo By: May Kha at Sep 10, 2011
Comment #2

a me lay..
kyauk sa yar g…
he,,he,,

commentinfo By: ei lay at Sep 10, 2011
Comment #3

ပျားရည်သာခါးသွားမယ်..ချစ်သူ

မင်းနှုတ်ခမ်းမခါးဘူးဆိုတာ ငါယုံတယ်

ဒီတော့…မုသားချိုချိုထဲကို

ဆေးတကြားခပ်

မပြတ်ဒရစပ်မွေရော

နင့်အပြောမှာ

ဒီတစ်ခါလဲ…မျောအုံးမယ်ထင်တယ်……
ကောင်းတယ်ဗျာ..

Leave Comments

Name*

Email*
Website
Email me whenever there is new comment