Professional Authors

တကယ်တော့….ကျမပြောချင်တာက…

ကျမ မောပန်းနွမ်းနယ်နေချိန်မှာ
မှေးစက်နားနေခွင့် ပေးခဲ့ဖူးတဲ့
ပုခုံးတစ်ဖက်ရဲ့ ခိုင်ခန့်မှုကို လွမ်းပါတယ်

ကျမ၀မ်းနည်းအားငယ်နေချိန်တွေမှာ
မျက်ရည်တွေကို ပွတ်သပ်ဖယ်ရှားပေးခဲ့တဲ့
လက်ဖျားလေးတွေရဲ့ နွေးထွေးနူးညံ့မှုကိုလွမ်းပါတယ်

ကျမရယ်မောပျောရွှင်နေချိန်တွေမှာ
ကျေနပ်စွာငေးကြည့်နေတတ်တဲ့
မျက်ဝန်းတစ်စုံရဲ့ သိမ်မွေ့နက်ရှိုင်းမှုကိုလွမ်းပါတယ်

ကျမဒေါသတကြီး ပေါက်ကွဲနေချိန်မှာ
နှတ်ခမ်းပါးလေးတွေထဲက ထွက်ကျလာတတ်တဲ့
စကားလုံးတွေရဲ့ တိုးတိတ်ညင်သာမှုကို လွမ်းပါတယ်

ကျမဘေးမှာ အတူရှိနေပေးခဲ့ဖူးတဲ့
တနင်္ဂနွေ နေ့လယ်ခင်းတိုင်းရဲ့
ပြည့်စုံသာယာမှုကို လွမ်းပါတယ်

နာကျင်ကြေကွဲခဲ့တဲ့ အတိတ်တွေကို
တဖြည်းဖြည်းနစ်မြုပ် ပျောက်ဆုံးသွားစေခဲ့တဲ့
နှလုံးသားတစ်ခုရဲ့ စာနာနားလည်တတ်မှုကို လွမ်းပါတယ်….

တကယ်တော့….ကျမပြောချင်တာက..
ကျမ အရမ်းလွမ်းနေပါတယ်……ကို့ ကိုလေ……

( အဝေးရောက်ချစ်သူ အတွက်)
19.10.2011

In: ကဗျာ Posted By: Date: Oct 19, 2011
Comment #1

same to u.

commentinfo By: ei lay at Oct 19, 2011
Comment #2

လုလင် အားပေးသွားပါသည်
ဒါနဲ့ မအိလေး ဘယ်တွေ သဝေထိုးနေတုန်းဗျ

Comment #3

ကဗျာဖတ်လိုက်တာ ရင်ကိုနင့်သွားတာပဲဗျာ အားပေးတယ် ကြိုးစားထား ။

commentinfo By: X - ray at Oct 21, 2011
Comment #4

ကောင်းတယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 21, 2011
Comment #5

he,,he,,
nothing special,ko lu lin.
i was on my trip.reasons r
1.for my birthday party at hometown with my beloved parents,relatives n friends.
2.for my poor health problem.
thz so much for ur care.
i miss poems so much.

commentinfo By: ei lay at Oct 25, 2011
Comment #6

အရမ်းကောင်းတယ် ခံစားချက်ချင်းတိုက်ဆိုင်တယ်…

commentinfo By: thaeswezin at Sep 27, 2012
Comment #7

So nice … I love it

commentinfo By: မေပျို at Apr 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment