Professional Authors

အမှတ်တမဲ့ မှ ထာဝရ သို့

အမှတ်တမဲ့ မှ ထာဝရ သို့
—————————–

အမှတ်တမဲ့ပါပဲ…..
အနေဝေးမဲ့အကြောင်းတွေ မတွေးမိစဉ်ကပေါ့
မေ့မေ့ပျောက်ပျောက်နဲ့….ဆုံတွေ့ချိန်တိုင်း
ရင်မှာ ပီတိ ဖြစ်ခဲ့ရတယ်…
အမှတ်တမဲ့ပါပဲ…..
သန့်ရှင်းတဲ့….ကြင်နာမျက်ဝန်းတွေ
လျှို့ဝှက်မှုကင်းတဲ့…မင်းပုံရိပ်လေးတွေ
မထင်မရှားနဲ့ ငါ့ရင်မှာ ထင်ဟပ်ခဲ့တာလဲ
ဘာမှ မဖြစ်သလိုနဲ့ပေါ့….
အမှတ်တမဲ့ပါပဲ…..
အချိန်တော်တော်ကြာကြာ အိပ်မောကျခါမှ
မင်းကို ချစ်တယ်လို့ သိတဲ့ရတဲ့နောက်ပိုင်း
မင်းအတွက် ငါက အမှတ်တမဲ့ ဖြစ်ခဲ့ရတယ်….
အမှတ်တမဲ့မှ ထာဝရသို့ ပြောင်းလဲပေးပါ
ချစ်တဲ့သူရယ်

(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Mar 1, 2012
Comment #1

အနေဝေးမဲ့အကြောင်းတွေ မတွေးမိစဉ်ကပေါ့
မေ့မေ့ပျောက်ပျောက်နဲ့….ဆုံတွေ့ချိန်တိုင်း
ရင်မှာ ပီတိ ဖြစ်ခဲ့ရတယ်…

commentinfo By: kantkawmg at Mar 1, 2012
Comment #2

မင်းကို ချစ်တယ်လို့ သိတဲ့ရတဲ့နောက်ပိုင်း
မင်းအတွက် ငါက အမှတ်တမဲ့ ဖြစ်ခဲ့ရတယ်….
အမှတ်တမဲ့မှ ထာဝရသို့ ပြောင်းလဲပေးပါ
ချစ်တဲ့သူရယ်

commentinfo By: julia at Mar 1, 2012
Comment #3

mike de,,
mike de,,
kyike de,,
yoe yoe lay ne heart hti de,,

commentinfo By: ei lay at Mar 1, 2012
Comment #4

i like both title & poem

commentinfo By: ei lay at Mar 29, 2012
Comment #5

အားပေးသွားပါတယ်

commentinfo By: ကျာချစ်သူလေးပါ at Jul 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment