Professional Authors

ဝေးဝေးကသာ လွမ်းပါတော့ – ဒီရေလှိုင်း

ရန်ကုန်မိုးစက်လေးတွေအောက်မှာ
မြဲမြဲဆက်နေတဲ့
တို့နှစ်ယောက်တွဲလက်တွေ
မခွဲတစ်သက် တွဲဆက် ခိုင်မာမယ် ထင်ခဲ့တယ် ။

အတူတူလျှောက်ခဲ့တဲ့
မြို့မကျောင်းလမ်းလေးမှာ
တို့ဘ၀အတွက် အလွမ်းလေးတွေပေး
အလှမ်းဝေးလွန်းတဲ့ နေရာတစ်ဖက်ကို
နင်အသာထွက်စဉ်
ကမ္ဘာအပြင်ဖက်ကို ငါစင်ထွက်လို့ပြေး
ခုတော့ ငါလည်း မဟာရန်ကုန်နဲ့ ဝေးနေခဲ့ပေါ့ ။

မာယာတရားရုံးမှာ
မစာနာစကားသုံးလို့
တစ်ဖက်သတ် လျှောက်လဲချက်အောက်မှာ
အသက်ရပ်လို့ မှောက်လဲခဲ့
အတိအကျ
ထိဟလို့
အမိအရ ပစ်လိုက်တဲ့
မင်းအဆိပ်မြားတွေကြောင့်
အတိတ်ခါးတွေက
ခုတော့ အရိပ်များမှာ
ကျန်ခဲ့ပါပြီ မာယာချို ။

မာယာချိုရယ်
ခုခါမှာ
လှိုင်းအချစ်နဲ့
သမိုင်းအသစ်ကိုရေး
နင်နဲ့ ဝေးဝေးမှာ
အေးဆေးရှိနေတော့မှ
အချက်ကျကျနဲ့
ဂယက်ထအောင်
ကဆုန်စိုင်းလို့
မုန်တိုင်းလိုမွှေ
ဝေဒနာပေး
ဖြေဆေးမရှိ
သေဘေးထိအောင်နင်ကြံချက်
သိပ်ရက်စက်တယ် မာယာချိုရယ် ။

မာယာချိုရယ်
ချစ်ဇာတ်ရှိန်မြင့်ချိန်မှ
နင်က ဗီလိန်လို
င့ါဇီဝိချုပ်အောင်
မင်းအရှုပ် ၊ မင်းအလုပ်ကို
ငါကမတုန်လှုပ်
ကျောက်ရုပ်လိုခိုင်
ရပ်နိုင်ပြီမို့
မာယာချိုရယ်
ဟိုးဝေေ၀းကနေ
နင်လွမ်းချင်လွမ်းပါ
ငါကတော့ မတမ်းတော့ဘူး
ငါ့ပန်းသဇင်နဲ့
ငါ့နန်းပြင်ထက်မှာ   ……………

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment