Professional Authors

ငါသည်ကဗျာ – ဒီရေလှိုင်း

ပေါင်မုန့်လေးတစ်ချပ်နှစ်ချပ်

ဝိုင်အရက်လေးတစ်ခွက်

ကဗျာစာအုပ်ရေးတစ်အုပ်နဲ့

ချစ်သူလေးသာ အနားမှာ

ရှိနေခဲ့မယ်ဆိုရင်

သုခဘုံကို မသွားချင်ဘူးတဲ့ —-

အိုမာခယမ်ရဲ့ ဂန္ထ၀င် ဒီစကားတစ်ခွန်း

မှား  မှားလွန်းတယ်လို့ ငါထင်

င့ါအတွက်တော့

ကဗျာသည်သာ အရာရာ

ကဗျာသာရှိမယ်ဆိုရင်

ဘာမှ မရှိလည်းဖြစ်

ကမ္ဘာပျက်ရင်တောင်

ကဗျာဖက်ပြီး

ငါထွက်ခွာမှာ

စကြာဝဠာ အပြင်ကို

ငါလွင့်စင်ရင်တောင်

ကဗျာယာဉ်ကိုစီးလို့

င့ါဝိညာဉ်ကြီးက ခရီးပြင်းနှင်

ညာဉ်းချင်းဆိုဖို့ မကြိုးစား

ကဗျာစီးချင်းထိုးကာ

မာယာချိုချိုတွေနဲ့ မညစ်တဲ့

ကဗျာဂြိုလ်အသစ် တစ်ခုဆီကိုပေါ့ ။

 

ကဗျာသည်သာ

ငါ့ ဘ၀ရဲ့ဒဿန

င့ါအလှ ဖွဲ့ ဓမ္မရသ

ကဗျာသာလျှင်

စီးဆင်းနေတဲ့ သွေး

ခရီးပြင်းနှင်တဲ့အတွေး

ညဉ်းချင်းမယှဉ်တဲ့ တေး

ကဗျာတစ်ခုသာ

ငါ့ဇီဝ င့ါဗီဇ

ကြည်မြတဲ့ ဂီတတစ်ပုဒ်

ကဗျာဆိုတာ

င့ါအတွက် မာယာကင်းတဲ့ မြစ်

စာနာခြင်းနဲ့ အချစ်

င့ါအတွက်   ဘ၀နန်းရင်ပြင်

င့ါဘ၀ ပန်းသဇင်

ကဗျာအသစ်တစ်ပုဒ်ကွန့်ဖို့

ငါအချစ်စွန့်လို့ရဲ

ငါကိုယ်တိုင်က

မာယာ အပြစ်မလုပ်

အညာ အညစ်မလုပ်တဲ့

ကဗျာအသစ်တစ်ပုဒ်ပေါ့ ။   ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment