Professional Authors

ကမ်းခြေမှာ လွမ်းနေသူ – ဒီရေလှိုင်း

အရိပ်တစ္ဆေ
မကြာမကြာခြောက်
အခါခါမှောက်မှားဆွေး
အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ခုကြားမှာပြေး
ငေးတဲ့သူလို့
ဘယ်သူဆိုချင်ဆို
မေ့နိုင်ခဲ့ပေါ့ မာယာချိုရယ် ။

ပန်းတွေသာ
 နွမ်းစေခဲ့တာမဟုတ်
ကမ်းခြေမှာ
လွမ်းနေသူတစ်ယောက်
ဟိုတစ်ချိန်က တူတူလျှောက်လို့
တစ်သက်မခွဲ
ဒီစက်စဲကမ်းခြေမှာ
ခြေရာလေးတွေ
လာလာကောက်
တစ်နှစ်တစ်ခေါက်
ရောက်အောင်လာ
ဝေဒနာကသိုဏ်းရှု
ခုထိအောင်ပေါ့
မာယာချို ။

သောင်ပြင်မှာ
ဖြတ်နင်းတဲ့ မင်းခြေရာ
မထင်တာကို သိသိနဲ့
ကြည့်ကြည့်နေဆဲ
မထင့်တထင်
မင်းခြေရာလေးတွေက
ရေဇလာလှိုင်းအောက်
တစ်ခဏနဲ့ ပျောက်ခဲ့ပေမဲ့
ရင်ထဲ
ထင်ဆဲ
မြင်မြဲ
မင်းခြေရာလေးတွေ
သိမ်းပိုက်ကာထွေး
သွေးနဲ့အတူလှည့်ပတ်ဆဲပေါ့
မာယာချို ။

မာယာချိုရယ်
စက်စဲရေ နောက်ကျိကျိ
မင်းမုန်းမိခဲ့ပြီပေါ့
မီယာမီက
ကြည်ကြည်ပြာ
 ဒီလှိုင်းကြမ်းတွေကြား
မင်းဆော့ကစားနေပြီလား
ဖလော်ရီဒါ သဲဖြူဖြူအောက်မှာ
အသစ်လူတစ်ယောက်နဲ့
မင်းတူတူလျှောက်တဲ့ ချိန်ခါ
ငါမှာတော့အဖော်မဲ့လို့
မပျော်တဲ့သူ
တစ်ယောက်ထဲ
ဒီစက်စဲကမ်းခြေမှာ
လွမ်းနေတစ်ယောက်
ခြောက်အိပ်မက်က
နှိပ်စက်နေ
သိပ်ခက်ခဲတဲ့
တို့ဘ၀နေ့တွေ
ရှည်ကြာမှာတော့
သေချာနေပေါ့ မာယာချို ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment