Professional Authors

ခိုအောင်းမဲ့ .. မနက်ဖြန် (သက်ထွေး)

ခြေချဖို့
ကြမ်းပြင် …
ကျောဆန့်ဖို့
ကုတင် ….

ကိုင်လက်စ
ဖေါင်တိန် ….
ရေးလက်စ
ကဗျာတစ်ပုဒ် …..

ကျနေကျ
မျက်ရည်နှင့် ……
ဝင်နေကျ
နေညိုချိန် တစ်ချို့ …

မညှိဖြစ်ခဲ့သော
သံယောဇဉ်
ကီးကြောင်ခဲ့သော
အချစ်သီချင်း တစ်ပုဒ် ..

မပေးဖြစ်ခဲ့သော
လက်ဆောင်
မယူဖြစ်ခဲ့သော
အခွင့်အရေး …

ဆက်မပြုံး
ဖြစ်သော အပြုံး
ထပ်မကွဲ ဖြစ်သော
အသည်း ….

မဆန့်ဖြစ်ခဲ့သော
လက်နှင့်
မလျှောက်ဖြစ်ခဲ့သော
ခြေထောက် …

မကြည့်ဖြစ်ခဲ့သော
မှန်နှင့်
မြင်တွေ့ခဲ့ဖူးသော
မယုံကြည်ခြင်းများ ..

ရနံ့ပြယ်
အနမ်းနှင့်
စွတ်စိုဆဲ
အလွမ်း …

တွက်ချက်ခဲ့ဖူးသော
ပုစ္ဆာနှင့်
မှားယွင်းခဲ့ဖူးသော
ကိန်းဂဏန်းများ …

သော့မခတ်
ဖြစ်ခဲ့သော ဧည့်ခန်းနှင့်
မသိမ်းဖြစ်ခဲ့သော
ကြေမွ ရှုပ်ပွခဲ့ခြင်းများ …

မထုတ်ဖေါ်ဖြစ်သော
ခံစားချက်များနှင့်
လစ်လျှူရှုပြခဲ့သော
ရုပ်သေ နှစ်သိမ့်မှုများ ..

မနမ်းရက်ခဲ့သော
ပန်းတစ်ပွင့်နှင့်
ဆူးရက်ခဲ့သော
အခက်အလက်များ ..

တိတ်ဆိတ်သော
ရင်ခုန်သံပေါ်သို့
ကျကွဲခဲ့သော
ကြေကွဲခြင်း
အစအနများ …

နာရီလက်တံပေါ်က
ပန်းတိုင်
သံပတ်ကုန်ခဲ့သော
ခြေလှမ်း …

စိုးရိမ်ခြင်း
မီးတောက်သို့
မထည့်ဖြစ်တော့သည့်
ပူပင်ခြင်း လောင်စာများ …

ဖြူလွှာရောင်
ကောင်းကင်အတွက်
မဲရောင်ခြယ်
ဆေးပန်းချီကား …

မလင်းချင်ခဲ့သော
နံနက်ကြောင့်
မသာခဲ့ရသော
နေမင်း …

တောင်းတခဲ့သော
မျက်ဝန်းမှ
မမျှော်လင့်မိခဲ့သော
မျက်ရည်များ ..

ကိုင်စွဲခဲ့ပေမယ့်လည်း
မခိုင်မြဲခဲ့ခြင်းများ ..
အငွေ့မပျံခဲ့ပေမဲ့
လွင့် ပြယ်ခဲ့ခြင်းများ …
ခိုအောင်းမဲ့
မနက်ဖြန်များမှာ
တစ်စစနဲ့ …….. ။ ။

သက်ထွေး
၂၆ ဖေဖေါ်ဝါရီ ၂၀ဝ၈

In: ကဗျာ Posted By: Date: Jun 1, 2009  
Comment #1

ပိုင်တယ်ဗျာ…
ဒီလိုလဲ ကဗျာဖြစ်တာပဲတော့.. ဟီး.
မှတ်သားလိုက်ပါပြီရှင်
အဟတ်..

commentinfo By: Kitty Yang at Jun 5, 2009
Comment #2

ဒီကဗျာကို ဘာလို့ မဖတ်ဘူးလဲ မသိ။ 😀
စတိုင်အသစ်လေးနဲ့ မိုက်တယ်

commentinfo By: အရဲ at Jun 12, 2009
Comment #3

de poem ko a khu mha phat buu tae …..

🙂

kyite tae ../..

commentinfo By: thazin at Jun 25, 2009
Comment #4

sat yay kwar….Min sarr tar twe ka sout yan mite tal..fri…

commentinfo By: skybluspider at May 11, 2010
Comment #5

Every feelings may be poem….:)

commentinfo By: North star at May 11, 2010
Comment #6

နှိုင်းယှဉ်ပြီး .. သုံးနှုန်းထားပုံလေးတွေ ..အရမ်းသဘောကျတယ်

commentinfo By: ကြယ်စု at Jun 6, 2010
Comment #7

အောက်ဆုံး သုံးပိုဒ်ကို အကြိုက်ဆုံးပဲ

““မလင်းချင်ခဲ့သော
နံနက်ကြောင့်
မသာခဲ့ရသော
နေမင်း …““

ဒါလေး ရေးထားတာ အရမ်းကြိုက်တယ် ။ အရမ်းလှတယ် ။

commentinfo By: lwanhlainge at Jun 6, 2010
Comment #8

မိုက်တယ်

commentinfo By: နေမင်း at Jun 7, 2010
Comment #9

အားပေးကြတဲ့သူတွေ အားလုံး ကျေးဇူးပါခင်ဗျာ

commentinfo By: Thet Twe at Jun 7, 2010
Comment #10

တိတ်ဆိတ်သော
ရင်ခုန်သံပေါ်သို့
ကျကွဲခဲ့သော
ကြေကွဲခြင်း
အစအနများ …ဒီစာသားလေးကိုတော်တော်ကြိုက်တယ်..
ဒီလိုမျိုးလေးမဖတ်ဖူးဘူး…

commentinfo By: အမရာ at Jun 17, 2010
Comment #11

ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ကဗျာလေးးးးးးးးးးးးးးး

မညှိဖြစ်ခဲ့သော
သံယောဇဉ်
ကီးကြောင်ခဲ့သော
အချစ်သီချင်း တစ်ပုဒ် ..

မပေးဖြစ်ခဲ့သော
လက်ဆောင်
မယူဖြစ်ခဲ့သော
အခွင့်အရေး …

ဆက်မပြုံး
ဖြစ်သော အပြုံး
ထပ်မကွဲ ဖြစ်သော
အသည်း ….

ကိုင်စွဲခဲ့ပေမယ့်လည်း
မခိုင်မြဲခဲ့ခြင်းများ ..
အငွေ့မပျံခဲ့ပေမဲ့
လွင့် ပြယ်ခဲ့ခြင်းများ …
ခိုအောင်းမဲ့
မနက်ဖြန်များမှာ
တစ်စစနဲ့ …….. ။ ။

/*ဒီကဗျာလေးကို ဒီမှာ မဖတ်တာကြာလို့လာဖတ်တာ.. ဘယ်တော့ဖတ်ဖတ် ရိုးမသွားတဲ့ ကဗျာလေး.. တစ်ခုပဲ.. အခုလာဖတ်တော့ ကဗျာပေါ်က intro စာလေးရှိတော့ဘူး.. ပျောက်သွားတယ်..*/

commentinfo By: ဖြိုးဖြိုး at Dec 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment