Professional Authors

ပန်းတိုင် (သက်ထွေး)

ငိုသံတွေကိုမှ
အသံဖမ်းပြီး
ပြန်နားထောင်ရလောက်အောင်
ဒုက္ခမရှာချင်ပါနဲ့လား
မိန်းကလေးရယ် ..
ဘဝဆိုတဲ့
ပန်းချီကားပေါ်မှာမှ
မင်းက
အရောင်သုံးမှားခဲ့တာကိုး .. ။

မင်းစိတ်မှာ
အစိမ်းရိပ်တွေ
မထင်ကျန်စေနဲ့
ဒါဟာ အဆိပ်ပဲကွယ့် ..
မိုးဆိုတာခြိမ်းတိုင်းလည်း
ရွာမှမရွာပဲလေ .. ။

ပြင်မရတဲ့
အတိတ်နဲ့
မမြင်ရတဲ့အနာဂတ်ထဲ
မင်း ပစ္စုပ္ပန်လေးလည်း
သိမ်ငယ်နေရော့မယ် …
စိတ်ဓာတ်လဲ မကျလေနဲ့
မျှော်လင့်ချက်ဆိုတာ
မပေါက်မခြင်းနှိုက်ရမဲ့
မဲတစ်မျိုးပဲကွယ့် … ။

လက်ဖက်ရည်ဆိုင်ထဲ
ကျကျကွဲတတ်တဲ့
အချစ်ဒဿန တရားတွေလည်း
မနာလေနဲ့ ..
သစ္စာတရားကို
တစ်နှစ်စာ
ဟောစာတမ်းထုတ်ပြီး
ရောင်းချင်သူလဲ
များလေသကွယ့်… ။

လက်နဲ့ထွင်းမယ့်
သမိုင်းထက်
ချွေးနဲ့နင်းမယ့်
လမ်းက
ပိုလို့အရေးကြီးပါတယ် ..
ပြိုလဲလို့
မကျမိစေနဲ့
ပန်းတိုင်ဆိုတာ
ရပ်ပြီးစောင့်နေသူကွယ့် … ။ ။

သက်ထွေး
၁၀ရက် စက်တင်ဘာ ၂၀ဝ၈ ညနေ ၅းဝ၈

In: ကဗျာ Posted By: Date: Jul 9, 2009  
Comment #1

သစ္စာတရားကို တစ်နှစ်စာဟောစာတမ်းနဲ့ ရောင်းတယ်ဆိုပဲ… ဖတ်ပြီး လိပ်ပြာမလုံဖြစ်သွားတယ်… ဟီးဟီး… 😀
အဟတ်… ကောင်းပါတယ်… ကဗျာလေးက… Motivate လုပ်တာလေးပေါ့နော်… ဟတ်ဟတ်ဟတ်…
မမကဗျာတွေလောက်နီးပါးကို ကောင်းပါတယ်… ကြိုးစားနော် မောင်လေးထွေးထွေး…
မမအားပေးနေမယ်… ဟဲဟဲ

commentinfo By: Ei Mon Soe at Jul 9, 2009
Comment #2

mite tae အခုမှပဲဖတ်မိတယ်.. sms ပြောသလိုပဲ.. motivate တာ ကောင်းတယ် ကောင်းတယ်.. =)

btw မောင်လေးထွေးထွေးဆိုတာတွေ့လို့ ကြည့်ကြည့်တာ.. ဘယ်သူများလဲလို့ .. ကွိကွိ သူကြီးထွေးလေးဖြစ်နေတာကိုး.. kwi 😀

commentinfo By: h3mlock at Jul 11, 2009
Comment #3

သေချာဖတ်လေ ကြိုက်လေ…သေချာဖတ်လေကြိုက်လေပါပဲ….
တည့်တည့်ပြောနေသလားထင်ရတယ်….

commentinfo By: maylaynge at Jul 11, 2009
Comment #4

ကြိုက်တယ်ဗျို့ ……………….. 🙂

commentinfo By: thandar at May 25, 2010
Comment #5

တကယ်ကို ကောင်းတယ် ကဗျာလေးက….

commentinfo By: ဖြိုးဖြိုး at Jun 16, 2010
Comment #6

Ko Thet Htwe..You are Great Man….!

commentinfo By: HtetWaiAung at May 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment