Professional Authors

ရာသီရွေးမှားသော .. တိမ် (သက်ထွေး)

ငွေကြေး ၊ ဥစ္စာ နဲ့ မိန်းမ
ဘယ်သာယာမှုနဲ့များ
ငါ ဆေးထိုးမှားခဲ့ပါသလဲ …

အိပ်မက်ပီသအောင်လို့
ငါနိုးထပါရစေလေ

ငါဟာ
ရာသီရွေးမှားခဲ့တဲ့
တိမ်ပါ ..
နောက် ..
ငါဟာ
ဆိတ်သုဉ်းသွားခဲ့ရတဲ့
အိမ်ပါကွယ်..

ငါ့ကိုယ်ငါ
ခက်ဆစ်ဖွင့်ဆိုပြီးခဲ့တဲ့နောက်
ငါ့ဝါကျတွေဟာလဲ
အထားအသိုလွဲ ..
ရသမမြောက်တဲ့
စာမျက်နှာတစ်ဖက်
ခဲဆိပ်တွေနဲ့
ပြိုကာလဲ ….
နောက်ဆုံး ..
ဒါဟာ
ဘဝပါလို့
ကျေနပ်စွာ
ကြိုကာနွှဲခဲ့ရပါရဲ့ …

ငါ့ရဲ့
ရှင်သန်ခြင်းတွေကို
ခူးယူလှည့်ပါကွယ် …
အချစ်ဇာတ်ကွက်ရဲ့
မျက်နှာပြင်တစ်ဘက်မှာ
မစံသင့်ခဲ့တဲ့
ပန်းတစ်ပွင့်ရယ်လို့
ငါဟာ သမုတ်ခံ ထိုက်သူပါ … ။ ။

သက်ထွေး
နိုဝင်ဘာ ၅ရက် ၂၀ဝ၈ ည ၆း၂၃

In: ကဗျာ Posted By: Date: Apr 11, 2010  
Comment #1

အကို့ကဗျာတွေထဲမှာ အိပ်မက်ကို အမျိုးမျိုးဖွဲ့ဆိုထားတာ တွေ့တယ်။ ဒီကဗျာမှာ လည်း အိပ်မက်ပီသအောင် နိုးထပါရစေလေ ဆိုတဲ့ အဖွဲ့ကို ကြိုက်တယ်။

commentinfo By: ဆွဲအား at May 16, 2010
Comment #2

ဒီ ကဗျာလေးနဲ့ poemscorner ကို စသိခဲ့တာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ
((((((((((((((((((((:

အိပ်မက်ပီသအောင်လို့
ငါနိုးထပါရစေလေ

/*ကြိုက်၏ ကြိုက်၏.. အဲဒါလေးကို အိပ်မက်ပြပွဲစကားပြေမှာ သုံးထားတာလည်းကြိုက်တယ်.. အဲဒီစကားပြေကိုလည်း ကြိုက်တယ်..*/

ငါ့ကိုယ်ငါ
ခက်ဆစ်ဖွင့်ဆိုပြီးခဲ့တဲ့နောက်
ငါ့ဝါကျတွေဟာလဲ
အထားအသိုလွဲ ..
ရသမမြောက်တဲ့
စာမျက်နှာတစ်ဖက်
ခဲဆိပ်တွေနဲ့
ပြိုကာလဲ ….
နောက်ဆုံး ..
ဒါဟာ
ဘဝပါလို့
ကျေနပ်စွာ
ကြိုကာနွှဲခဲ့ရပါရဲ့ …

excellent ********************77777777777777777777777777777777

commentinfo By: ဖြိုးဖြိုး at Apr 24, 2011
Comment #3

good ဗဲထီးဂွတ်……… ဘဲမဂွတ်!!!

commentinfo By: moe at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment