Professional Authors

ကဗျာသွေးသောက် ဖော်မွန် – ဒီရေလှိုင်း

အပြုံးအရယ် အငိုအသော သည်သဘောတွေနဲ့
ပြဇာတ်ဆန်လွန်းစွာ
အလှည့်အပြောင်းများလွန်းတဲ့
ဒီဝန်းကျင်မြေမဟီမှာ
အကွေ့အကောက်တွေများပြားလွန်းတဲ့
လူ့ဘ၀ ပင်လယ်ပြင်ကြီးရဲ့ ကမ်းအငူလေးတစ်နေရာမှာ
ထိရှမှုလေးတွေနဲ့ ကြုံ
ကဗျာေးလတစ်ပုဒ်လိုဆုံတွေ့ခဲ့
အမှတ်တမဲ့မဟုတ်တဲ့ ကောင်းကင်သာရဲ့
အနုပညာစခန်းမှာ
ဒီရေလှိုင်းနဲ့ ခမ်းဖြူ မောင်နှမသွေးသောက်
အတူတူဖောက် ၊စခန်းတူတူဆောက်တဲ့ကဗျာလက်တွေနဲ့
ဒီတစ်သက်မှာ မခွဲအမြဲ သွားကြမယ် ။
လှိုင်းဆိုတာ မတည်ငြိမ်စွာ ရေပြင်ထက်မှာ
မြင့်သက်လှုပ်ရှား ကမ်းခြေနားကို ရိုက်ပုတ်ကာသွား
ကဗျာမာနတရားတွေနဲ့
ထာဝရသွားနေတတ်သူ
ခမ်းဖြူဆိုတာ ပလက်တီနမ်ရွှေ
မာကြောနေပုံများ ဘယ်အရာတွေ ဘယ်လိုတိုက်စားစား
ပွန်းပဲ့မသွားကာ ခိုင်မာသူ ရတနာဖြူဖြူလေးပေါ့
နာမည်တွေက ကွဲပြား အဓိပ္ပါယ်တွေခြားနားနေလည်း
ကဗျာတရားမှာ ရင်ဘတ်ချင်းနီးယုံမဟုတ်
နှသုံးသွေးများက ထပ်တူညီကာစီးဆင်း
ခရီးပြင်းလမ်းမှာ ညဉ်းချင်းလွမ်းလို့မဖွင့်ဆို
စခန်းအမြင့်ကို လှမ်းလင့်လို့အတူလျှောက်ကြမယ် ။

အော် တူညီတဲ့တိုက်ဆိုင်မှုများ
ဘယ်ဒေ၀တာက ဘယ်လို ဖန်ဆင်းခဲ့ပါသလည်း
စိတ်တွေးအမူအကျင့် အရပ်မြင့်ပါညီမျှ
မသီပတဲံ Beat သံနဲ့ ထိမှန် သဲ့သဲ့လေးတုန် ၊ ယဲ့ယဲ့လေးခုန်နေတဲ့
ရင်တွင်းက နှလုံးသားရောဂါဗေဒတောင် ထပ်တူကိုကျလို့
ဘ၀ဘ၀များစွာက ရေစက်ကြောင့် ဒီကောင်းကင်ထက်မှာ
ကဗျာငှက်တွေအဖြစ် ပြန်ဆက်ဆုံ ပျံသန်း
ဘယ်တော့မှ တို့မပမ်း
ဘယ်တော့မှ တို့မနွမ်း ဒီလမ်းဒီမဟီလှမှာ ဒီညီမ ခမ်းဖြူ နဲ တူတူရှိနေသမျှ
တော်ဝင်နန်းရောက်အောင် ဖော်ယှဉ်လို့လှမ်း
ပျော်ရွှင်လို့လျှောက်ကြမယ် နောက်ဘ၀များအထိပေါ့  ။

ဂယက်ထန်လှုပ်ရှား မတည်ငြိမ်တာတွေများနေတဲ့လှိုင်းကို
တည်ငြိမ်စွာလေ စေတနာထား
မိုးသားလို့ သူ့ခေါ်စကားကြောင့်
ရိုးသားကာ နိုးကြားစွာနဲ့ အနုပညာတရားများကို ထုဆစ်
နုသစ်တဲ့ဘ၀နဲ့
ဒီကမ္ဘာမှာအလွန်ပျော်
ဒီကဗျာဖော်မွန်နဲ့
အတူတူလှမ်း
မွှေးသောလှသော ပန်းများဆီသို့ ———-
In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment