Professional Authors

တို့အားလုံးရဲ့ နှလုံးသွေးဝိညာဉ် – ဒီရေလှိုင်း

တို့မိခင်ရဲ့ ရင်ခွင်ကနေမွေးဖွား
                    တို့ပြည်ရဲ့ သွေးသား

ကပြားမဟုတ်

သူရဲ့ ခက်မဖြာနေတဲ့

သွေးကြောများပမာ စီးဆင်းမှုဟာ

တို့ အတွက်တော့ အသက်တမျှပမာ

တန်ဖိုးထား

ရတနာဒေ၀ီမင်းသမီးတရားပေါ့

အမိရင်ခွင်အတွင်းကနေ
အပြစ်ကင်းကင်း
ချစ်ခြင်းများစွာနဲ့
မလစ်မဟင်း
စီးဆင်းနေတဲ့
မြစ်တစ်စင်းပေါ့ ။

သိင်္ဂါရနဒီ
မြန်ပြည်မြောက်ဖျားက
မေခ မလိခ ညီမနှစ်ယောက်ရဲ့
အသွေးအသွားတို့ပေါင်းစုလို့မွေးဖွား
သူဟာ အမိမြေရဲ့
အပျိုစင်တစ်ပါးပေါ့
မောရှမ်းများက နမ့်ကျိုလို့
အမည်သညာဖွင့်လှစ်
ရတနာ ကျောက်တို့ ထွက်တဲ့မြစ်တဲ့
တစ်ချို့များက
ဟင်ဒီလို ဣရ၀တီ
လိုချင်တာအဆင်သင့်
မညဉ်းပေး
ဆင်မြစ်ကြီးလို့ဖွင့်ကြသေး
ဧရာဝတီဆိုတာ
ကြီးမားသောခွန်အားသစ်နဲ့
နိုးကြားအားမာန်ဝင့်စေတဲ့
ရိုးသား တန်ဖိုးထားစရာမြစ်တစ်ခုလို့
ဖွင့်လှစ်မှုပြုလိုက်ချင်ရဲ့ ။

ဒီမြစ်တစ်စင်းအပျိုစင်မှာ
 အညစ်မလင်းတဲ့ စစ်တလင်းတွေရှိဖြစ်ခဲ့
ဓနုဖြု ၊ မင်းလှစခန်း
သပြေတန်းခံတပ်တွေက

အတိတ်ကအဖြစ်တွေကို

ဖွင့်လှစ်လို့နေလေရဲ့

နေပြည်တော်ဖြစ်ခဲ့တဲ့ မြို့တော်ဟောင်းကြီးတွေက

သူကမ်းပါးမှာ အစီအရီနဲ့

ဖြစ်တည်နေလို့

တို့နိုင်ငံရဲ့

မရိုင်းတဲ့ သမိုင်းမော်ကွန်းပြုလို့

ဖော်ညွှန်းပြုနေကြ


 

ဒီမြစ်တစ်စင်းမှာ

တို့တွေရဲ့ ချစ်ခြင်းတရားတွေ

စီးဆင်းနေကြ

တို့ရဲ့လုံးရဲ့ဘ၀တွေ

တို့အားလုံးရဲ့အလှတွေ

တို့အားလုံးရဲ့ သွေးသားအစစ်တွေ

တို့အားလုံးရဲ့ တေးသွားအနှစ်တွေအားလုံး

စီးမျောနေကြ

တို့အားလုံးရဲ့

စာပေတွေ

ကဗျာတွေ

အကအလှ ၊ ဒဿနတွေ

ဘာသာစကားတွေ

စာနာတရားတွေ

ခက်သွယ်လို့ ယှက်နွယ်နေကြ

 

သူပေးဝေတဲ့

အစားအစာ ရိက္ခာ

သူရင်ဘတ်ပေါ်ကိုဖြတ်ခင်းပေးထားတဲ

လမ်းကြောင်းမှာ

မနားတမ်းမောင်းနှင်နေတဲ့ ရေယာဉ်ခရီးတွေ

သူစွန့်ကြဲတဲ့ မြေဆီယာကောင်းတွေက

တို့တွေရဲ့ ရိက္ခာတောင်းကြီးဖြစ်

အပျိုစင်သူ့မှာဖြစ်နေတဲ့

သဘာဝတရား

ဧရာဝတီလင်းပိုင်များက

ရှားပါးအမွေအနှစ်

ကမ္ဘာရဲ့ ရတနာအစစ်ဖြစ်နေခဲ့ ။

 

ဒီအပျိုစင်ကညာမဒီ

ဧရာဝတီဆိုတာ

တို့မြန်မာပြည်ရဲ့ဘဝ

သူ့အလှကိုဖျက်ရင်

တို့တွေဘ၀ပျက်မကွဲ့

ဧရာဝတီဆိုတာ တို့အတွက် ရတနာ

သူအနာတွေရရင်

တို့တွေ ကံကြမ္မာမလှ

ဒါဏ်ရာတွေ ပရပွရမယ်ကွဲ့

ဧရာဝတီဟာတို့ရဲ့ကဗျာ

သူ့ကာရန်စမ်းတွေခမ်းပျောက်ရင်

တို့တွေ နွမ်းခြောက်လို့

လမ်းပျောက်မယ်ကွဲ့

ဒီအပျိုစင်အလှမပျက်အောင်

တို့လက်တွေဆက်လို့ ထိန်းကြစို့

ဒီအပျိုစင်ရဲ့ သီချင်းသံတွေ

ဒီကမ္ဘာထက် ဝေယံမှာ

လွင့်ပျံစေဖို့

တို့တွေတေးဆိုလို့

သွေးတွေကိုစုထား

နိုးကြားကြစေကွဲ့

အားလုံးကစေတနာထား

ရိုးသားနိုးကြား ကြိုးစားလို့

ဒီကမ္ဘာမဟီမှာ

ဧရာဝတီ

ရှည်ကြာတည်လို့လှအောင်

စွမ်းဆောင်ကြစေ-

တို့ဝိညာဉ်တွေ မသေသ၍ပေါ့ ။

 

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment