Professional Authors

နှင်းဆီနီ သည်တစ်ပွင့် – ဒီရေလှိုင်း

ကိုယ်က ရေမလောင်း

ပေါင်းမသင်

မြေမဆွလဲ
သူမာနတွေနဲ့ လှနေတဲ့ပန်းလေး
အလှမ်းဝေးလို့
အလွမ်းလေးနဲ့
လှမ်းငေးနေရတဲ့ပန်းလေး
သူ့ဆီမှာ………………
ဆူးတွေက ၀ိုင်းရံ
ထက်မြက်မာကြောမှုတွေနဲ့
လွှမ်းခြုံထားတဲ့ပန်းလေး

ဆူးများစွာနဲ့ကာလို့ထား
ရန်များကိုတားနိုင်တဲ့ပန်းကလေး
တို့လက်ကြမ်းတွေကြောင့်
တို့ဘ၀က ကြမ်းတာကြောင့်
သည်ပန်းကလေး

လန်းမနေပဲ
နွမ်းကြွေသွားမှာကိုစိုးမိတယ်

ကိုယ့်ဘ၀ တညီးညီးဆူကြွေ

မီးအပူတွေ ကူးလေမှာစိုးရွံ့

တိမ်လွန်းတဲ့ဘ၀ရေပြင်မှာ

သူ့ဘ၀နစ်သွားအောင်

နှစ်ထားသလို

ဖြစ်သွားမှာကြောက်

ကိုယ့်ဘ၀လှိုင်းထန်ထန်အောက်မှာ

သူ့ဘ၀လှေမှောက်မှာ ပူ

ကိုယ့်ရင်မှာ ဘယ်လိုဆူစေတော့

သူဆူးတွေက
ကိုယ်ရင်ထဲကို မလွဲပင်စူးစေ
အစဉ်မြဲသာ ရူးစေတော့
မခူးပဲနဲ့
အထူးစောင့်ကြည့်

သတိနဲ့ကာကွယ်မယ်

ကာကွယ်မယ် ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment