Professional Authors

တွေးမမေ့စရာ မေဒေးနေမှာ—- – ဒီရေလှိုင်း

မသွေတွေးမမေ့စရာ မေဒေးနေ့မှာ

ရွှေအသွေးကို မြရေးထင်
အလှအမြင် စိတ်ထားပြ
ပရဟိတအလှူအတွက်
ညီတူတဲ့စိတ်များပြု
မိသားစုရဲ့ တို့ကောင်းကင်
ပေါင်းယှဉ်ကာ ဆုံတဲ့ပွဲ
မျှော်စင်ကွန်း မှာ ခုချိန်မှာ ပျော်ရွှင်လွန်း
တစ်ချိန်မှာတော့ တော်ဝင်အလွမ်းများဖြစ်ရော့မလား ။

စာအတွေးတွေနဲ့ ကဗျာလေးတွေရေး
ဘ၀အလွမ်းအမောတွေဖျောက်ဖို့
ခဏ ကျဘမ်းစကားတွေပြော
တစ်သောသောရီသံ
ကန်တော်ကြီးမိုးထက်ယံမှာ
လွင့်ပျံနေရော့ပေါ့ ။
ကစားပွဲလေးတွေနဲ့ တအားနွှဲကာပျော်
ဒီအဖော်တွေနဲ့တွေ့ရ
ပျော်ရွှင်စွာမေ့ကြ
ဒီအချိန်လေး ခဏ
လောကကြီးတောင်မေ့သွားရမလား ။


နေရာလေးတွေ ခြားနား

လူမျိုးတွေကွဲပြား
အသက်အရွယ်တွေမတူညား သော်လည်း
စိတ်ထဲမှာ တစ်သားထဲ စွဲ
အမြဲဆက်မဲ တွဲလက်များခိုင်မြဲ
တို့ကောင်းကင် က ဘယ်တော့မှ မယိုင်လဲစေပေါ့ ။

မောင်နဲ့မယ် တွေရွေး
 စိတ်အတွေးတွေကိုယ်စီ

တူညီတဲ့ အသိတရားတစ်ခုက
တို့တွေက မိသားစုတဲ့
သံသရာမှာ ရေစက်ပါလို့ အမှန်စွာသွေမပျက် ဆုံခဲ့
ကြုံခဲ့တဲ့ ဘ၀မှာ ဒီခဏတာဟာအပျော်ဆုံး
ပီတိတွေဖုံးနေတာပေါ့
ဆီထိသလို အပြုံးများနဲ့
နှလုံးသားလှတဲ့ တို့ပရဟိတလမ်း
တို့ဆက်လို့လှမ်း
ဘယ်အခါမှတို့တွေမပမ်း
လောကတစ်ဝှမ်းမှာ
စမ်းရေမိုးတို့
သွန်းဖြိုးလို့ရွာ
ဒီလောက အလှဖြာစေပေါ့ ။
In: ကဗျာ,Others Posted By: Date: Jul 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment