Professional Authors

မဟာဆန်တဲ့ခရမ်း – ဒီရေလှိုင်း

တည်ငြိမ်အေးဆေး ၊ အပြာသွေးနဲ့
လှုပ်ရှားနွေးထွေး ၊သွေးရဲ့တူညီ
အနီတို့နှော မာယာသဘောလား

အေးချမ်းခြင်းသင်္ကေတ

လောကရဲ့ ကောင်းကင် အပြာဆင်နဲ
့ တိုက်ပွဲနိမိတ် ရန်ပွဲအတိတ်ဆောင်
အနီရာင်တို့ ရော အသိခက်တဲ့သဘော
အပြာဆိုတာ အပြစ်ကင်းတဲ့ ချစ်ခြင်းရဲ့အမှတ်အသား

အနီဆိုတာ နှလုံးသားမှာ

အမုန်းတရားပွားတဲ့ သဘောတရား
ပေါင်းစုရောနှော ၊ မဟာဆန်တဲ့သဘော
အချစ်ဖြူဖြူနဲ့ အမုန်းဆူဆူ
အပူရှိန်ပြင်းပြင်းနဲ့ အေးမြခြင်း
လှုပ်ရှားခြင်း နဲ့ တည်ငြိမ်ခြင်း
စစ်ပွဲနဲ့ ငြိမ်းချမ်းရေး
စုဝေးလိုရော
နှောတဲ့အရောင်
ကဗျာဟန်နဲ့  အလွမ်း
မဟာဆန်တဲ့ ခရမ်း ။     ။
In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment