Professional Authors

မာယာမာနမြှုံးအောက်က တစ်စုံတစ်ယောက်အတွက် – ဒီရေလှိုင်း

စင်ပေါ်မှာ အသာရ
ဘ၀င်တော် မာနတွေနဲ့
အမြင်မတော် ငါကွလို့
ဆရာကျ အထာပြမနေနဲ့
ပြာကျရင်
ဘာမှမရတာ
သဘာဝ ဓမ္မပါ သူငယ်ချင်း ။

ဖြူစင်စွာ ရင်းနှီးတဲ့သူကို
ပူပင်အနာ မင်းမီးမွှေးလို့
နောက်ကျောကနေ
သဘောဆိုး
ဓားထက်ထက်နဲ့ထိုး
အညာတရားအမုန်းဆိုးနဲ့
မာယာစကားလုံး
မစာနာ စာသားသုံးတဲ့
အရှုပ်ဇာတ်ကို
အဟုတ်မှတ်မနေနဲ့
မင်းရဲ့လုပ်ရပ်
ပုပ်စပ်လို့ ဟောင်ညှီ
အော်ဂလီဆန်သူများနေပြီ။

မင်းရဲ့သမိုင်း
ရိုင်းပြီးမကျန်ရအောင်
အမှားနွံနစ်
မတရားကျွန် မဖြစ်အောင်
အလှတရားရှင်း
ဘ၀မမှားယွင်း
ဓမ္မတရားနဲ့လင်းအောင်
သတိနဲ့ချပ်
အသိနဲ့ကပ်လို့ ပြုပြင်ကာ
အမှန်မြင်လမ်းကို မင်းလျှောက်လှမ်း
လက်ကမ်းလို့တို့ကြိုနေမယ် သူငယ်ချင်း ။ ( တစ်ချိန်တုန်းက အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ )

In: ကဗျာ,Others Posted By: Date: Jul 14, 2012
Comment #1

အင်း

commentinfo By: rocker at Jul 14, 2012
Comment #2

phat ya dar maw twar tar pe,
e lout g ma yae par ne larr shin,
daw daw ko phat like ya de… he,,he,,

commentinfo By: ei lay at Jul 15, 2012
Comment #3

ကျွန်တော်တင်လိုက်တဲ့ ကဗျာဟာ ခေါင်းစဉ်ပဲ ရေးထားတာမဟုတ်ပါဘူး..၊ စာသားအပြည့်အစုံနဲ့ရေးပြီးတင်လိုက်တာပါ..၊ ဒ်ပေမယ့် ဘယ်လိုဖြစ်သွားလဲမသိဘူး…၊ ကဗျာ စာကိုယ်တွေက ပါမလာခဲ့ဘူး..၊ အဲ့ဒါကို ကျွန်တော်လဲ အခုမှသိတာပါ…။
ကဗျာဖတ်ရှုသာတွေ အပြည်အဝခံစားနိုင်ဖို့ ပြန်လည် ပြင်ဆင် တင်ပြလိုက်ပါကြောင်း….။

commentinfo By: zawthetoo at Jul 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment