Professional Authors

လှေကား – ဒီရေလှိုင်း

သူ့ခြေလက်နဲ့ ထမ်းပိုး

သူ့အရိုးတွေနဲ့ ကာရံထား

သူ့ အသွေးအသားနဲ့ ခင်း

သူ့နှလုံးသားကို ငြင်းဆန်

အနင်းခံတဲ့ လှေကားတစ်စင်းပါ ။

 

အသာအယာကြွလို့

သာသာဖွဖွနင်းသူတွေ

ကြမ်းကြမ်းရိုင်းရိုင်း

ဝုန်းဒိုင်းကြဲနင်းကြသူတွေ

ဖုံမှုန့်တွေပေ

ရွှံ့ရေပရဗျစ်

ခပ်ညစ်ညစ်ဖြတ်လျှောက်သူတွေ

ကတ္တီပါဖိနပ်စီး

အကြည်အသာဖြတ်ပြီး နင်းကြသူတွေ

ဗနောင့်ဗလာနဲ့

ကြောက်စရာ မထောက်မညှာ နင်းသွားသူတွေ

သံခွာရာစူးတွေနဲ့

အမှန်သားစူးအောင်

နင်းကြသူတွေ

နင်းကြသူတွေ ………………

သူတို့သဘောမမှန် ၊ ဒေါမာန်တွေနဲ့နင်းနင်း

မနောအမှန် နဲ့ဘယ်လိုဖြတ်ကျော်ကျော်

ပျော်ရှာနေတဲ့ အတွေး

ဒီလှေကားလေး တစ်စင်းပါ ။

 

မကြာမကြာ

အခါခါ မညှာမတာ ဖြတ်လျှောက်သူ

အသင်လူသား

တစ်ခါတစ်ခါ

သာသာလေးနင်းပါလားဗျာ

ကျွန်ုပ်နာမှာစိုးလို့မဟုတ်

ကြာကြာလေးစင်းခံ

အနင်းခံနိုင်ဖို့ပါ ။

                             ဒီရေလှိုင်း

In: ကဗျာ,Others Posted By: Date: Jul 14, 2012
Comment #1

wow,,,,,,,,,wow,,,,,,,,,,
a yann a yann mike de kwar,
heart hti twar p,
😛

commentinfo By: ei lay at Jul 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment