Professional Authors

အတိတ် , ပစ္စူပ္ပုန် အနာဂတ် = ??????? – ဒီရေလှိုင်း

စားဖားတွေ စားဖားတွေ
ဖားစားတဲ့သူတွေက သိပ်သိပ်ကြိုက်
သူတို့စရိုက်နဲ့  ဘ၀င်မှာခိုက်
လိုက်လည်းလိုက်ကြပါရဲ့
မိုက်မြဲ မိုက်တဲ့ Tide က ပိပြား
တုံးအောက်ကဖားလိုပေါ့ ———-

အမိုးကိုသာ အသစ်မိုး
အုတ်မြစ်ကျိုးနေတော့
မယိုင့်တယိုင့် ဘယ်နှယ့် ခိုင်မှာလည်း
ထိုင်စရာပျဉ်ခင်းက အပေါက်တစ်ရာ
အကာကမလုံတလုံ
စိတ်ကုန်ဖို့တကယ်ကောင်း

တို့တွေစုပေါင်းလို့

ဒီအိမ်ကို တူညီပြင်

အစဉ်ခိုင်မာ လှစေကြောင်း——-

မိုးခါးရေတစ်ခွက်ပြီး တစ်ခွက်
လည်ပင်းဖက်လို့ သောက်နေတဲ့
အရူးတွေကြားမှာ မူးဝေလို့
မမှားအောင်ကြိုးစား
 နိုးနိုးကြားကြားနေသူကို
ရိုးသားစွာ မိုက်မဲတယ်လို့
အလိုက်တတလွဲ ဥာဏ်တွေနဲ့ ဘယ်လိုပြောပြော
Tide ငနဲက နှလုံးစိတ်မကွက်
ခရီးဆက်မယ်ဟေ့ ————

တစ်ခါကတော့ တော်လှန်သမား
ခုတော့ အပေါ်ယံစကား
မလျော်ဥာဏ်များနဲ့ ဖော်လံဖား
ကော်လံစားသတင်းထောက် ပါပါရာရာဇီလို
ဘာညာ မဒီတွေနဲ့ အီနေ ရီဝေေ၀နဲ့
မပီလေတဲ့ မင်းသမိုင်း
ရိုင်းလုလု ချောက်ကမ်းပါး
လက်တစ်လုံးသာခြား
ခုန်သွားမလား ၊ ရပ်မလား ———-

အနောက်စည်းရိုးကို
ဖောက်ပြီးချိုးပြေးဝင်လာတဲ့
 တောခွေးအူအံတွေ ဆူညံ
တို့ခြံမှာ ထင်ရာစိုင်း
ရိုင်းချင်တိုင်း ရိုင်းတဲ့အမှုကို
ကာကွယ်မှုတွေပြု
တို့မိသားစုအရေးမှာ
ပထွေးစကားကြောင့်
မင်းအတွေးမမှားနဲ့
သွေးစကားပြောစို့
သူငယ်ချင်း – ———— ။

(တစ်ချိန်ခါက သူငယ်ချင်းများသို့)

In: ကဗျာ,Others Posted By: Date: Oct 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment