Professional Authors

မမှန်ခဲ့သော ဖြစ်ရပ် မှန်တစ်ခု

စတွေ့တုန်းက ရိုးရိုးလေး.. မဆန်းကျယ်တဲ့တွေ့ဆုံမှူ… နင်ကဆရာ ငါက ကျောင်းသား.. မဆန်းကျယ်တဲ့ လေးစားမှူတွေနဲ့ပဲ. နင်ရဲ့သူငယ်ချင်းလေး ငါဖြစ်ခဲ့တယ်… မဆန်းကျယ်မှူတွေကပဲ ငါ့ကို ဆန်းကျယ်စွာလှည့်စား… နင်ရဲ့ အစေအပါးဘဝကိုရောက်စေတယ်.. နွံနစ်မှန်းမသိနစ်.. ကျွန်ဖြစ်မှန်းမသိဖြစ်.. ငါပျော်ပါတယ်…. နင်းပျော်နေရင် ငါပျော်တယ်.. လူတကာကလက်ညိုးဝိုင်းထိုးလည်း… နင်ရဲ့ စကားတစ်ခွန်းနဲ့တင် ငါရင်ဆိုင်နိုင်တယ်.. အစဉ်အလာတံတိုင်းရဲ့ တစ်ဖက်မှာ နင်… ငါကလည်း မြန်မာမိန်းကလေးဆိုတဲ့ သိက္ခာမြစ်ရဲ့ တစ်ဖက်ကမ်းမှာ… နင့်ကိုစောင်နေတာ.. နင့်ရှေ့က တံတိုင်းတစ်ခုပဲ နင်ကျော်ခဲ့ပါ.. နင်ပေးတဲ့ ခွန်အားနဲ့ ကျန်နေတဲ့ ပင်လယ်.. ငါဖြတ်ကူးပြီး နင့်ဆီအရောက် ငါလာခဲ့မယ်….

In: ကဗျာ Posted By: Date: Jul 11, 2012
Comment #1

thz so much,

commentinfo By: ei lay at Jul 11, 2012
Comment #2

ဒုတိယတစ်ခေါက်ပြန်ဖတ်ခြင်းပါ…

commentinfo By: မင်းကိုချစ်တဲ့သူ at Jul 12, 2012
Comment #3

ကြိုက်တယ်ဗျာ

commentinfo By: nicmicsic at Jul 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment