Professional Authors

လော့ဂျစ်များအား ထုံပေပေ/အေးစက်စက်/မလေးမခန့် / စူးစိုက်အာရုံပြုခြင်း

နားမလည်ဘူးဆိုတဲ့
ခေါင်းစဉ်အောက်မှာ
မကောင်းဘူးဆိုတဲ့ဝါကျတွေ
ပြွတ်သိပ်ကြပ်ညက်နေတတ်တာ
ယုတ္တိရှိတယ် သဘာဝကျတယ်
ကျူပ်ပြောတာခင်ဗျားသဘောတူလား ။

အနက်ရောင်ဟာအဖြူထည်ဖြစ်ဖို့ 
တော်တော်လေးစဉ်းစားခဲ့ဖူးတယ်ထင်တယ်
ကျူပ်ကိုတခါမှ အဲလိုမပြောဖူးဘူးဆိုတာ
အသေအချာမှတ်မိတယ်
ခင်ဗျားကျူပ်ကိုငြင်းချက်ထုတ်မှာ
ကျူပ်ကြိုသိနေလို့ 
ခင်ဗျားပါးစပ်ကြီးပိတ်နေတာမလား။

အရင်တုန်းက
ကျူပ်တို့ တိုင်းပြည်မှာ
ရှစ်ထပ်တိုက်ဆိုတာမရှိခဲ့ဘူး
ကျုပ်ဆိုလိုချင်တာ
ခင်ဗျားနားလည်မှာပါ
မကျေနပ်ဘူးလား ဒီနေရာမှာ
ကျူပ်ကိုပစ်ပစ်နစ်နစ်ဆဲခဲ့လေ
ဖရုဿဝါစာတွေမပါစေနဲ့ ပေါ့
အိနြေ္ဒနဲ့ ကျက်သရေ
တွဲရေးခွဲရေးမလုပ်စမ်းပါနဲ့ 

မီနီစကပ်ဝတ်ထားတဲ့ မိန်းမပျိုဟာ
ထိုင်မသိမ်းဝတ်ထားတဲ့ မိန်းမပျိုထက်
အတွေးအခေါ်ပိုပြီးတိုတောင်းတယ်
လုံခြုံမှုပိုင်းဆိုင်ရာကိုထည့်မတွက်ဘူးဆိုရင်ပေါ့
ခင်ဗျားပြူးတူးပြဲတဲနဲ့ ကျူပ်ကိုမကြည့်စမ်းနဲ့ ဗျာ ။

မြေပြင်ကိုကျောခင်းပြီး
ကောင်းကင်ကိုခြေစုံကန်ဖို့ စဉ်းစားနေတဲ့
ခင်ဗျားရဲ့ အတွေးကိုပက်ပက်စက်စက်
ဒီနေရာကနေရှုံ့ ချလိုက်ပါတယ်
ဝမရှိပဲဝိလုပ်တတ်တဲ့ လူတချို့ နဲ့ 
အပေါင်းအသင်းမလုပ်ရင်ပိုကောင်းမယ်ထင်တယ်

ဒီနေ့ အတွက်
မိုးရွာချင်ရွာမယ်မရွာချင်မရွာဘူး
ရွာရန်ရွာနှုန်းကျုပ်မသိချင်ဘူး
ပြားကပ်နေတဲ့အိပ်ကပ်ကိုပဲ
ခဏခဏစမ်းနေမိတာ
ကျူပ်အပြစ်လို့ ခင်ဗျားဆိုလိုချင်တာလား
ဒါဆိုရင်တော့ ခင်ဗျားအခန်းတွေပျက်နေပြီ ။

ကဗျာဆရာဆိုတာ
ကဗျာရေးဖို့ ချည်းစဉ်းစားနေတဲ့
နလပိန်းတုံးမနုဿမဟုတ်တာ
ကျူပ်ရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်တယ်
ကဗျာတွေထွန်ယက်စိုက်ပျိုးဖို့ 
မြေဆီမြေနှစ်တွေဓါတ်ခံကောင်းမှ
ကဗျာဆရာဖန်တီးတဲ့ကဗျာက လိပ်ပြာလှပေမပေါ့ ။

ခင်ဗျားအယူအဆကိုဒီမှာလာမပြောနဲ့ 
ကျူပ်ကအာဏာဖီဆန်ချင်နေတဲ့
လူတယောက်မဟုတ်ဘူး
ထိတ်တိုက်တွေ့ ဆုံဆွေးနွေးလို့ 
ကောင်းမယ်ထင်တဲ့ နေ့ 
ခင်ဗျားရဲ့ မိုဘိုင်းဖုန်းထဲအရောက်
ကျူပ်ကိုယ်တိုင်မက်ဆေ့ခ်ျ ပို့ လိုက်မယ် ။

အဲဒီတော့ လက်တင်ဘာသာစကားကို
သမာရိုးကျမြန်မာတယောက်နားမလည်တာ
ယုတ္တိဗေဒရဲ့ အခန်းကဏ္ဍတခုလိုမြင်ပေးရင်
ခင်ဗျားဟာတော်တော်လေးအေးချမ်းတဲ့
လူတယောက်ဖြစ်ပြီလို့ သာမှတ်လိုက်ပေတော့ ။   ။

မိုးသူ(တောင်ကြီး)
25 June 2012/Monday
01:23/PM

In: ကဗျာ Posted By: Date: Jul 3, 2012
Comment #1

အနက်ရောင်ဟာအဖြူထည်ဖြစ်ဖို့ 
တော်တော်လေးစဉ်းစားခဲ့ဖူးတယ်ထင်တယ်
ကျူပ်ကိုတခါမှ အဲလိုမပြောဖူးဘူးဆိုတာ
အသေအချာမှတ်မိတယ်
ခင်ဗျားကျူပ်ကိုငြင်းချက်ထုတ်မှာ
ကျူပ်ကြိုသိနေလို့ 
ခင်ဗျားပါးစပ်ကြီးပိတ်နေတာမလား။
နှစ်နှစ်သက်သက် အားပေးသွားပါ၏

commentinfo By: အသဲကွဲမိုး at Jul 4, 2012
Comment #2

ကဗျာဆရာဆိုတာ
ကဗျာရေးဖို့ ချည်းစဉ်းစားနေတဲ့
နလပိန်းတုံးမနုဿမဟုတ်တာ
ကျူပ်ရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်တယ်
ကဗျာတွေထွန်ယက်စိုက်ပျိုးဖို့ 
မြေဆီမြေနှစ်တွေဓါတ်ခံကောင်းမှ
ကဗျာဆရာဖန်တီးတဲ့ကဗျာက လိပ်ပြာလှပေမပေါ့ ။

arr !! ရင် ဘတ် ကို ထိ မှန်စေသော …

commentinfo By: sharon myorr myor at Jul 4, 2012
Comment #3

မြေပြင်ကိုကျောခင်းပြီး
ကောင်းကင်ကိုခြေစုံကန်ဖို့ စဉ်းစားနေတဲ့
ခင်ဗျားရဲ့ အတွေးကိုပက်ပက်စက်စက်
ဒီနေရာကနေရှုံ့ ချလိုက်ပါတယ်
ဝမရှိပဲဝိလုပ်တတ်တဲ့ လူတချို့ နဲ့ 
အပေါင်းအသင်းမလုပ်ရင်ပိုကောင်းမယ်ထင်တယ်

ဒီနေ့ အတွက်
မိုးရွာချင်ရွာမယ်မရွာချင်မရွာဘူး
ရွာရန်ရွာနှုန်းကျုပ်မသိချင်ဘူး
ပြားကပ်နေတဲ့အိပ်ကပ်ကိုပဲ
ခဏခဏစမ်းနေမိတာ
ကျူပ်အပြစ်လို့ ခင်ဗျားဆိုလိုချင်တာလား
ဒါဆိုရင်တော့ ခင်ဗျားအခန်းတွေပျက်နေပြီ ။

commentinfo By: Than Yaw Zin at Jul 31, 2012
Comment #4

သိပ်အားပါတဲ့ အရေးအသားတွေပဲ

commentinfo By: နိုးဆက် at Mar 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment