Professional Authors

အပ်ကြောင်းထပ်ရာများအား ငြီးငွေ့ခြင်း

ငါ့ ညနေခင်းကို

အလှဆင်ဖို့

သက်တန့်မလိုဘူး

အိပ်တန်းပြန်ငှက် မလိုဘူး ။ 

 

ဆည်းဆာ ဟာ

ဆည်းဆာ ပီပီ

တဖြေးဖြေး . . .

မှောင်ရီ မှုန်ဝါး . .

ပျောက်သွားတာ

အကောင်းဆုံးပဲ ။ ။

 

ပေါများလွန်းတဲ့

ညတွေထဲ တိုးဝင်

အပ်ကြောင်းထပ်

အိပ်မက်တွေကို

တတွတ်တွတ်
ရေရွတ် . . .

 

ဒါနဲ့ပဲ . . .

အရည်မရ အဖတ်မရနဲ့

ညတွေကျပျောက်

မိုးသောက်တော့ရော

ဘာထူးလို့လဲ . . .

 

(ထပ် ငြင်းမယ်)
ငါ့ နံနက်ခင်းမှာ

သက်တန့်မလိုချင်ဘူး

အစာရှာထွက်တဲ့ငှက်

(လုံးဝ) မလိုချင်ဘူး ။ 

In: ကဗျာ Posted By: Date: Oct 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment