Professional Authors

စကားလုံးများအား အရည်ညှစ်ခြင်း

ဖေါချင်းသောချင်း

လမ်းသလားနေတဲ့

လေထဲက စကားလုံးတွေပေါ့

ပျားရည်တုတွေ သောက်သုံး

ကောင်းကင်တစ်ခွင်ဆုံးမှ

ငါ့ရှေ့မှာအန်ချ . .

 

ကိန်းဂဏန်းတွေနဲ့

ခပ်ဆန်းဆန်း အဓိပါယ်ဖွင့်ဆိုချက်လဲ ပါတယ်

မှန်ဘီလူးတွေပါတယ်

မျက်နှာဖုံးစွပ်တွေပါတယ်

ခေါက်ရိုးကျိုး ပြဇာတ်တွေပါတယ်

ရေနွေးဗူးတွေပါတယ်

ဘေးထွက်ဆိုးကျိုး အပြည့်နဲ့ ခေတ်မီဆေးဝါးတွေ ပါတယ်

(ပိုတယ်မထင်ပါနဲ့)

ကလေးချော့ ပလုတ်တုတ်ကအစ ပါတယ်

 

ငါ . . .

ရှာတယ်

မတွေ့သေးဘူးကွယ် . . .

 

အောက်ဆုံးအလွှာ သန်းတစ်ထောင်မှာ

ငါတို့နံမည်တွေ ပျောက်ပျက်သွားဖို့

ဘာတွေနဲ့များ . .

ဘာတွေနဲ့များ . . .
ဘာတွေနဲ့များ . . . . . .

In: ကဗျာ Posted By: Date: Oct 21, 2011
Comment #1

ငါ . . .

ရှာတယ်

မတွေ့သေးဘူးကွယ် . . .

အောက်ဆုံးအလွှာ သန်းတစ်ထောင်မှာ

ငါတို့နံမည်တွေ ပျောက်ပျက်သွားဖို့

ဘာတွေနဲ့များ . .

ဘာတွေနဲ့များ . . .
ဘာတွေနဲ့များ . . . . . .

commentinfo By: May Kha at Oct 21, 2011
Comment #2

ကဗျာကောင်းလေးအတွက်ကျေးဇူးတင်ပါတယ်

commentinfo By: jasmine at Oct 21, 2011
Comment #3

ကဗျာလေး ဆန်းတယ်ဗျ
အားပေးသွားပါကြောင်း ~~~~

commentinfo By: X - ray at Oct 22, 2011
Comment #4

ကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: mgchannaye at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment