Professional Authors

စိတ်အလိုလိုက်ခြင်းများ (သက်ထွေး)

ကျုပ်ဟာ သခင်ဆိုးရဲ့
ခွေးရိုး ..

ခင်ဗျားရဲ့ လွတ်လပ်ခြင်းတွေအောက်
ကျုပ် ပိတ်နှောင်မှုတွေနဲ့ နေပါတယ် ။

ဒီအမြီးရဲ့ အလိုက်ကန်းဆိုးမသိမှုတွေ
ကျုပ်မဖီဆန် နိုင်ခဲ့ဘူး။
ရင်ထဲက အရှိုးရာတစ်ချက်
ခင်ဗျား ပွတ်သပ်လို့မှကြည့်ဖူးရဲ့လား ။

မျက်ထောင့်ကိုစင်း
ခပ်တင်းတင်းမကြည့်ပါနဲ့ ..
ခင်ဗျားရဲ့ အသံတောအုပ်မှာ
ကျုပ်က ကုတ်နေရတဲ့ ကောင်ပါ။

လက်ကမ်းလို့
ပေးခဲ့မိတာပါဗျာ ..
ဒီကမ်းခဲ့တဲ့ လက်တွေကိုတော့
ခင်ဗျားပြန်မရုပ်သင့်ဘူး ..။

ဒီလိုနဲ့ပဲ
ကျုပ်ဟာ ခင်ဗျားရဲ့ဆော့ကစားခြင်းတွေအပေါ်
ပတက်ရပ် နေခဲ့မိတယ်။

သက်ထွေး
ဒီဇင်ဘာ ၂၂ ရက်နေ့ ၂၀ဝ၇

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

(: ဘာမှကို ပြောချင်တော့ဘူး.. တကယ်..

commentinfo By: melodyphyO at Jun 2, 2010
Comment #2

ထိရှစွာနဲ့…..

commentinfo By: အမရာ at Jun 2, 2010
Comment #3

ထိပါတယ်..စာသားတွေက..ကျွန်တော်လည်းပဲ…ထိုနည်း၎င်း…
ကြာတော့လည်း…သိုသိပ်စွာ….ကြေကွဲ…
သူ….မသိနိုင်ပါဘူး…

commentinfo By: miss30 at Jun 22, 2010
Comment #4

“ဒီအမြီးရဲ့ အလိုက်ကန်းဆိုးမသိမှုတွေ
ကျုပ်မဖီဆန် နိုင်ခဲ့ဘူး။
ရင်ထဲက အရှိုးရာတစ်ချက်
ခင်ဗျား ပွတ်သပ်လို့မှကြည့်ဖူးရဲ့လား ။”

အရမ်း သဘောကျ ပါတယ်

commentinfo By: SimpleSimplest at Mar 31, 2011
Comment #5

လက်ကမ်းလို့
ပေးခဲ့မိတာပါဗျာ ..
ဒီကမ်းခဲ့တဲ့ လက်တွေကိုတော့
ခင်ဗျားပြန်မရုပ်သင့်ဘူး ..။
(အရမ်းကြိုက်တ၇်… အဲ့စာသားလေး)

commentinfo By: znlay at Sep 30, 2011
Comment #6

စိတ်အလိုလိုက်တာကောင်းဘူး 🙂

commentinfo By: နတ်သမီး at Feb 15, 2012
Comment #7

lone wa heart hti de.

commentinfo By: ei lay at Jan 23, 2013
Comment #8

လက်ကမ်းလို့ ပေးခဲ့မိတာပါဗျာ
ဒီကမ်းခဲ့တဲ့ လက်တွေကို
ခင်ဗျား ရိုက်မချခဲ့သင့်ဘူး

commentinfo By: someone at Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment