Professional Authors

နာမည် မရှိတဲ့ ပန်း

 

အလွမ်းတွေ ပစ်ချလို့

ပြန်မကောက်တမ်း ပြေးကြမယ်ဆိုရင်

မြတ်နိုးခြင်းတွေက ရိုးရိုးလေး ဖြစ်သွားမှာပေါ့။

 

ဖြေသိမ့်စရာ မဟုတ်တဲ့

သတိတရတွေ အတွက်

ဝန်ခံခြင်းကို

ဒင်္ဂါးပြားလေးလို့တော့

ခေါင်းပန်း မလှန်ချင်ဘူး။

 

လက်ကမ်းပြီး ကြိုမယ့်လမ်း မဟုတ်ခဲ့တောင်

အနိမ့် အမြင့် မညီညာတာသိလဲ

သဘာဝကျကျပဲ နင်းဖြတ်ချင်ခဲ့တာပါ

နဂိုကတဲက အဲဒီပန်းလေး

ရင်ဘတ်မှာ ပွင့်နေခဲ့တာ

တိတ်တဆိတ်လဲ ဖြစ်ချင်ဖြစ်မှာပေါ့။

 

ရင်ခုန်ခြင်းတွေကို

နေရာတကျ မထားတက်တာပဲ

အပြစ်ဖြစ်ရလေပြီလား

ကျနော့ ရင်မှာပွင့်တဲ့ပန်း

နာမည်မရှိဘူး။

In: ကဗျာ Posted By: Date: May 19, 2012
Comment #1

tan yaw zin a chit pan loh khaw de,, 😛

commentinfo By: ei lay at May 19, 2012
Comment #2

ဖြေသိမ့်စရာ မဟုတ်တဲ့

သတိတရတွေ အတွက်

ဝန်ခံခြင်းကို

ဒင်္ဂါးပြားလေးလို့တော့

ခေါင်းပန်း မလှန်ချင်ဘူး။

commentinfo By: ရနံ့ at May 19, 2012
Comment #3

read again par.

commentinfo By: ei lay at Jun 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment