ပန်း မ ခူး ရ
တ နင့် တ ပိုး    နဲ့ 
ရင် နင့် လာ တဲ့   ချစ်ခြင်း  တွေ က 
နင့် ရဲ့  သွား တက် လေး တစ်ခု နဲ့ ပ နံ ရ တဲ့ အပြုံးနောက်
နင် မရည်ရွယ်ပဲ ရုန်းထ လာ တဲ့ မာန အရိပ် တွေကြောင့်
ကဗျာတွေ နဲ့  နင့်ကို ငါ အကြိမ်ကြိမ် ဒူးထောက်နေ ရ ပြီ 
တစ်ခုပဲ . . . . အသင့်အား ကျွန်ုပ် ပူဇော် ပါ ရ စေ ။။
နင့်အတွက် နည်းနည်းတော့ ဆန်းမယ် 
ဒါပေမဲ့ ဒါဟာ  သမားရိုးကျ ဖြစ်စဉ်သက်သက်ဆိုတာ 
ငါ နှလုံးသား နဲ့ ယုံကြည်ထားပါတယ် 
နင့် အတွက် နှလုံးသား တစ်ခု လုံး ပေးအပ် ချစ်တာပါဆိုတဲ့ 
ကျုပ် ကို ဘယ် သူ ဘယ် ၀ါ ဆို တာ သိ ချင် နေ တဲ့ 
နင့် ရဲ့  ဦးနှောက်က အတွေး တွေ ကို 
နစ်မြှပ်ပျက်စီး သွားတဲ့ titanic သင်္ဘော  လိုပဲ 
အဆုံးတိုင် ရေ နစ် သတ် ပစ် လိုက် ပါ 
ကျုပ် ဟာ နင့် အတွက် ဘယ်တော့မှ မပြီးမြောက် နိုင်တဲ့ 
ချစ် ခြင်း တွေ အလယ် မှာ ရပ် တည် နေ မဲ့ 
တားမြစ်နယ်မြေ က ရူးနေ တဲ့ ကဗျာ ဆရာ တစ်ယောက် ပါ . . . 
နူးညံ့မှု  (လုံးလုံး) မရှိတဲ့  
အနက်ရောင်စည်းအောက်က ငါ့ ရဲ့ ချစ်ခြင်း ဆိုပေမဲ့ 
ကဗျာ ဆရာ လောင်ဖဲလိုး လို မိုင်ပေါင်းများစွာ ခြားနားတဲ့
ကင်းဘရိတ် မြို့ မှ သည် ဘော်စတွန် မြို့  အထိ  
ခြေလျင် လမ်းလျှောက် လှမ်းရောက်  ကာ 
သူ ၏ ကိုယ်ပွား  ဖရန်စစ် အား ချစ်သက် သေ ထူ ပြ ခဲ့သလို “ သတ္တိ ” 
ကျွန်ုပ် ၌ ကိန်း ၀ပ်နေ ခြင်း အကြောင်း 
အတိသယ၀ုတ္တိ  မြောက်   ပြော ဆို ခြင်း အား 
အသင် မယုံ လျှင် မယုံ ပါ နှင့် . . .
ထာ ၀ ရ ချစ်ခြင်း  ဆို ခြင်း ကို တော့ 
အသင့် ရဲ့  လို သုံး ကဏ္ဍ များတွင် . . . ခပ် တိုး တိုး ရေးမှတ်ထားပေးပါ . . .
ယုတ်စွ အဆုံး   ကျွန်ုပ် သည် အသင် နှင်း ဆီ  ရဲ့  ဆူးခက်ဆူးရိုင်း များ သာ ဖြစ်လိုပါ ၏ . . . .
နင်  မသိ နိုင် တဲ့ ပဟေဠိ များစွာ   နှင့် 
ချစ်ခြင်း ကို ဖွင့်ဟ စကား ဆို စေခဲ့ကာမူလဲ
“ လုံးဝစိတ်မ၀င်စားဘူး ” ဆိုတဲ့  ဆိုင်းပုဒ် များ  က 
ကျွန်ုပ် ရဲ့    ရေးလက်စ ဧဒင် မှာ  နက်နက်ရှိုင်းရှိုင်း ဖူးပွင့်ဝေခဲ့ပြီ 
ခပ်လွင်လွင် ရယ် သံ တစ်ပြက်  ငြင်သာ တဲ့ မျက်ရည်တစ်စက် နဲ့ 
ကျွန်ုပ် ၏ ဧဒင် အား အကန့် အသတ် မရှိ ခေတ္တ ခဏ ပိတ် ထား ခဲ့ သည် . . . .
. . . . . . . . . .
. . . . . . . . . .
. . . . . . . . . .
“ လုံးဝ ပန်း မခူး ရ ”  ၊၊          ၊၊
လမင်းဇော်
Comment #2
တ နင့် တ ပိုး    နဲ့ 
ရင် နင့် လာ တဲ့   ချစ်ခြင်း  တွေ က
နင့် ရဲ့  သွား တက် လေး တစ်ခု နဲ့ ပ နံ ရ တဲ့ အပြုံးနောက်
နင် မရည်ရွယ်ပဲ ရုန်းထ လာ တဲ့ မာန အရိပ် တွေကြောင့်
ကဗျာတွေ နဲ့  နင့်ကို ငါ အကြိမ်ကြိမ် ဒူးထောက်နေ ရ ပြီ
တစ်ခုပဲ . . . . အသင့်အား ကျွန်ုပ် ပူဇော် ပါ ရ စေ ။။
ကဗျာကောင်းလေးတစ်ပုဒ်ပါ အားပေးသွားပါတယ်။
                        By: poem.poem28 at Sep 3, 2011
                    Comment #3
အရင်ရေးတာတွေနဲ့ စာရင်နည်းနည်းပေါ့နေသလိုပဲ…..
ပြီတော့…စကားလုံးနည်းနည်းဖောင်းပွနေတယ်….ထင်တယ်…
ဒီထက်ပိုကျစ်လစ်ပစ်လိုက်ရင်ပိုကောင်းလာမယ်ထင်တယ်…
ကျွန်တော်…..ကဗျာရေးဖော်ရေးဖက်ခြင်း….အတူတူချီတက်ရအောင်လို့ 
အကြံပေးတာပါ…….လမင်းဇော်…ရေ…ကျွန်တော့ကဗျာတွေကိုလည်း…ဝေဖန်ပေးပါ……
စောင့်မျှော်အားပေးလျက်ပါဗျာ………
                        By: terry at Sep 3, 2011
                    Comment #4
ကိုတယ်ရီ ပြောတာ အမှန်ပဲ ဗျ .. . ကျွန်တော်လဲ တင်သာတင်လိုက်ရတာ အား မရဘူး . . . နောက်တစ်ခါ ဆို ရင်တော့ ဆင်ခြင် ပါ့မယ် ဗျာ . . . အထူးသဖြင့် ကိုယ် မနှစ်သက် တဲ့ ကဗျာ တစ်ပုဒ်ကို တခြားသူတွေကို ချမပြတော့ဘူး လို့ ဆုံးဖြတ်လိုက်ပြီဗျာ . .. . အားမနာတမ်းဝေဖန်နိုင်ပါတယ် ကိုတယ်ရီ .. . နောက်လဲ ကျွန်တော့်ကို ဝေဖန်ပေးပါဦးလို့ . . . ကျေးဇူးတင်ပါတယ် ဗျာ . . . .
                        By: လမင်းဇော် at Sep 4, 2011
                    



 
Comment #1
lone wa pan ma khu ya.