စိတ်ချပါ… ချစ်ရသူ (မင်းကိုချစ်တဲ့သူ)
နှုတ်ဆိတ်နေခဲ့ခြင်းက
ပြောစရာမရှိလို့ မဟုတ်ခဲ့ဘူး
စကားလုံးတွေက အတွေးတွေလို
နယ်ကျွံသွားမှာ စိုးရိမ်လွန်းလို့ပါ…
အတိတ်ကို အရိပ်တစ်ခုလို့ဆိုရင်
ဒီနေ့ဖို့ ငါ့အတွက် နေမ၀င်စေချင်ဘူး
ပစ္စုပ္ဗန်မှာ ရှင်သန်ရခြင်းကတော့
သူနဲ့တွေရမဲ့ အနာဂါတ်တွေကြောင့်ပါ…
ခပ်အအ ငါ့အတွက်တော့
သတိရမိတိုင်း အလွမ်းတွေကို
အခန်းနံရံမှာ ချိတ်ဆွဲမိတယ်
အခုတော့ ခပ်ရှုပ်ရှုပ်အိပ်ခန်းလေးက
အလွမ်းပြခန်း ဖြစ်ခဲ့ပြီပေါ့…
ပြက္ခဒိန်ထဲက ရက်တွေခုန်ထွက်ကုန်တယ်
ဒီလိုပါပဲ… ငါတို့တွေ
တနေ့တခြားဝေးလာ ခြင်းဟာ
တနေ့တခြားနီးလာဖို့ အတွက်ပါ
အနေတွေဝေးနေလို့ စိတ်တွေမအေးသွားပါနဲ့
ဆုံဖြစ်ခဲ့ကြရင်လဲ အရင်လိုပဲ နွေးထွေးနိုင်ပါစေလို့
ငါ့ကိုယ်ငါ ဖြေသိမ့်နေမိခဲ့တယ်…
တစ်နေ့ပြီးတစ်နေ့ ကုန်သွားလို့
တစ်ညပြီးတစ်ည ပျံလွင့်သွားခဲ့ပြီ
ငါ့မှာတော့ အကျီးတန် မနက်ခင်းတွေနဲ့
ဘ၀ကိုစရင်းပေါ့… ငါ့အတွက်တော့
ဥပက္ခာဆိုတာ ငါ့ရဲ့ အဖော်မွန်ကောင်းပဲ…
ခံစားတတ်တဲ့လူတိုင်းအတွက်
စွန့်ပစ်ပစ္စည်းကတော့ မျက်ရည်ပါပဲ
ငါလဲ ခံစားတတ်တဲ့လူတစ်ယောက်မို့
ကျေးဇူးပြုပြီး…
မျက်ရည်ကျဖူးလားလို မမေးပါနဲ…
နာကြဉ်းခြင်းတွေ ဒဏ်ရာတွေနဲ့မှ
အချစ်စစ်လို့ခေါ်ကြသလား
ငါ့အတွက်တော့ ဒါတွေဟာထိုက်တန်ပါတယ်
တကယ်ချစ်မိလို့ ဝေးသွားခဲ့ရင်လဲ
စိတ်ချပါ ချစ်ရသူ…
နောင်တကို နောင်ဘ၀ထိရမှာမဟုတ်ဘူး…
Comment #2
ဒါကတကယ်ကို heart ကိုစိုက်သွားတာနဲ့ထပ်တူပါပဲ
Comment #3
khu le ngo nay ya pyan pi,
🙁
Comment #4
believe me.
trust me.
miss me.
Comment #5
do as u like
Comment #6
*__*
*__’
*__*
Comment #1
wow,,,
😛
😛
😛