Professional Authors

အရောင်အဆင်းကင်းတဲ့ ချစ်ခြင်းသံစဉ် (မင်းကိုချစ်တဲ့သူ)

မနက်ခင်း တစ်ခုလုံး

သူ့ရဲ့အပြုံးတွေနဲ့ ဝေဆာ

နေရဲ့အလင်း မပါရင်တောင်

ဘ၀ဟာ ပြီးပြည့်စုံနေခဲ့တယ်…

 

အဝေးဆုံးမှာ ရှိနေပေမယ့်လည်း

နှလုံးသားတစ်စုံကတော့ အနီးဆုံးမှာ

တဖ၀ါးမှမခွာတဲ့ အရိပ်လိုလိုက်ရင်း

ချစ်တဲ့စိတ်ကိုတော့ ဖုံးကွယ်ထားပါရစေ…

 

မညီညာတဲ့ ကာရံတွေနဲ

ကဗျာတွေကို ရေးစပ်နေတဲ့

အချစ်ငတ်တဲ့ ငါ့အတွက်တော့

ခံစားချက်တွေက ခါးသီးလွန်းတယ်…

 

ကံတရားများရဲ့ အောက်မှာ

တိတ်ဆိတ်ခြင်းတွေကို ခုံမင်တယ်

ဆုံနိုင်ခြင်းမရှိတဲ့ ငါ့တို့ဘ၀ကတော့

လေလိုင်းထဲမှာ အခမ်းနားဆုံးပေါ့…

 

နှုတ်ခမ်းဖျားက စကားလုံးတွေက

ငါ့နှလုံးသားကို ရူးသွပ်စေတယ်

ပုံရိပ်တွေထဲက အပြုံးတွေကတော့

ငါ့နှလုံးသားကို မူးယစ်စေတယ်

သူဟာ ဘယ်လိုလူလဲ…

 

ဒီကမ္ဘာမှာ သူဟာအလှဆုံး

ဖြစ်ချင်မှ ဖြစ်မှာပါ…

ဒါပေမယ့်

ကျနော့် မျက်လုံးမှာတော့

ပြောစရာမရှိအောင် လှတဲ့

နတ်သမီးလေးလိုပါပဲ…

 

ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့လဲ

အခုတော့ ပုံပြင်တစ်ပုဒ်လိုပဲ

ဖူးစာဆိုတာ ဦးရာလူတဲ့

ကျနော် ဘာတတ်နိုင်ဦးမှာလဲ…

 

ဘယ်တော့ ရပ်သွားမလဲမသိတဲ့

ဒီလိုတခန်းရပ်ပြဇာတ်မှာ

အလွမ်းတွေအထပ်ထပ်နဲ့ပါ

အရောင်အဆင်း ကင်းတဲ့

အဖြူရောင် ချစ်ခြင်းတွေကတော့

ဘယ်သူ့ကိုမှ ထိခိုက်မှာမဟုတ်ပါဘူး

ကျနော့်ဘ၀နဲ့ လောင်းကြေးထပ်ရဲပါတယ်…

In: ကဗျာ Posted By: Date: Jun 2, 2012
Comment #1

နှုတ်ခမ်းဖျားက စကားလုံးတွေက

ငါ့နှလုံးသားကို ရူးသွပ်စေတယ်

ပုံရိပ်တွေထဲက အပြုံးတွေကတော့

ငါ့နှလုံးသားကို မူးယစ်စေတယ်

သူဟာ ဘယ်လိုလူလဲ…

commentinfo By: ဖူးမေ at Jun 2, 2012
Comment #2

ကျနော်လဲသိချင်နေတာပါ… သူက ဘယ်လိုလူလဲဆို… 🙂

commentinfo By: deadxromeo at Jun 2, 2012
Comment #3

😛
😛
😛
😛
😛

commentinfo By: ei lay at Jun 2, 2012
Comment #4

ကဗျာလေးက..ချစ်ဖို့ကောင်းပါတယ်

(ကံတရားများရဲ့ အောက်မှာ

တိတ်ဆိတ်ခြင်းတွေကို ခုံမင်တယ်

ဆုံနိုင်ခြင်းမရှိတဲ့ ငါ့တို့ဘ၀ကတော့

လေလိုင်းထဲမှာ အခမ်းနားဆုံးပေါ့…)

ကိုတော့ကြိုက်တယ်…..
ဖုန်းကတ်တွေ..သောက်သောက်လဲ..ထည့်နေရမှာပဲနော်….:P 😛 😛

commentinfo By: Shilo at Jun 4, 2012
Comment #5

ဒီလိုတခန်းရပ်ပြဇာတ်မှာ

အလွမ်းတွေအထပ်ထပ်နဲ့ပါ

အရောင်အဆင်း ကင်းတဲ့

အဖြူရောင် ချစ်ခြင်းတွေကတော့

ဘယ်သူ့ကိုမှ ထိခိုက်မှာမဟုတ်ပါဘူး

commentinfo By: ရနံ့ at Jun 4, 2012
Comment #6

super liie

commentinfo By: ei lay at Jun 21, 2012
Comment #7

liie mean ????
like or lie???

commentinfo By: deadxromeo at Jun 21, 2012
Comment #8

super like,
😛

commentinfo By: ei lay at Jul 21, 2012
Comment #9

I m Dying to miss

commentinfo By: ei lay at Sep 30, 2012
Comment #10

ဘယ်တော့ ရပ်သွားမလဲမသိတဲ့

ဒီလိုတခန်းရပ်ပြဇာတ်မှာ

အလွမ်းတွေအထပ်ထပ်နဲ့ပါ

အရောင်အဆင်း ကင်းတဲ့

အဖြူရောင် ချစ်ခြင်းတွေကတော့

ဘယ်သူ့ကိုမှ ထိခိုက်မှာမဟုတ်ပါဘူး

ကျနော့်ဘ၀နဲ့ လောင်းကြေးထပ်ရဲပါတယ်…အရမ်းကြိုက်တယ်ဗျာ….။

commentinfo By: waiyan at Jan 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment