Professional Authors

တစ်ယောက်တည်း (ယဉ်) နေတဲ့စိတ်ကူး

 တစ်ယောက်တည်း (ယဉ်) နေတဲ့စိတ်ကူး

ဘာပြောရမှန်းမသိဘူး … ငါ့ကိုတစ်ခုခုမပြောခိုင်းပါနဲ့
ငါ့ရင်ထဲမှာစုတ်ပြတ်ကွဲကြေနေတယ်… ငါ့ကိုတစ်ခုခုပြောဖို့မခိုင်းပါနဲ့…

စိတ်ကူး(ယဉ်)နေမိတဲ့အချိန် ပြုံးနေမိတယ်
စိတ်ကူးရုံပဲဆိုတာ သတိထားမိတော့ အရာရာရပ်တန့်ပြန်တယ်…

အိပ်မပျော်ဘူး တဂျောက်ဂျောက် နာရီသံက စိတ်ရှုပ်ဖွယ်ပဲ
တကယ်တော့ သူ့ရဲ့ ထုံးစံအသံကို အပိုလုပ်ခံစားနေမိတဲ့ ငါကိုကေ-ာက်ပြဿနာ…

ခေါင်းအုံးကို သူ မတို့ထိရဲ့ခဲ့တဲ့ ဆံပင်နီညီမလေးအဖြစ်
စွဲထင်ပွေ့လိုက်လို့တဲ့လား ဆစ်လ်ဗီယာ…

ဒါဆို ငါ့ခေါင်းအုံးတစ်နေရာက ငါ မတို့ထိရဲခဲံ့တဲ့
ငါနမ်းရှိုက်ချင်ခဲ့တဲ့ သူ့ရဲ့ပါးပြင်တွေပေါ့…

အမှောင်ထုက စာရွက်လှန်သံကိုတောင်ကျယ်လောင်စေတယ်
စကားလုံးတွေသေကုန်ကြတယ် စကားလုံးတွေ အသက်မရှုတော့ပြီပဲလေ….။…။

မြေနံ့
၁၅.၉.၂၀၁၁
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

mike de kwar,,
style ka dot lone wa lan de,,

commentinfo By: ei lay at Feb 11, 2012
Comment #2

good……..တယ်ဗျ..

commentinfo By: poem.poem28 at Feb 11, 2012
Comment #3

ကဗျာ ၅ကြောင်းမြောက်နဲ့ ၆ကြောင်းမြောက် ရေရေလည်လည်မိုက်တယ်
ကိုမြေနံ့ အရေးအဖွဲ့ကောင်းတာကိုတော့ သိတာကြာပြီဗျ
အဲ့တော့ အများကြီးမပြောတော့ဘူးဗျ
ကဗျာသစ်တွေ မျှော်နေပါတယ် ကြိုးစားထား ။

commentinfo By: X - ray at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment