Professional Authors

ချစ်သူမသိတဲ့အချစ်

ငှက်ကလေးရေ……
မင်းရဲ့တေးသံချိုတွေကို နားဆင်ချင်ပေမယ့်
မင်းလွတ်လပ်ပျော်ရွှင်နေတာကိုပဲ မြင်ချင်ခဲ့လို့
ချုပ်နှောင်မထားရက်ခဲ့ပါဘူး
ဒါပေမဲ့
မင်းင့ါကို သီချင်းလေးတွေဆိုပြမယ်မဟုတ်လား
ပန်းကလေးရေ…….
မင်းရဲ့သင်းရနံ့တွေကို နမ်းရှိုက်ချင်ပေမယ့်
ညှိုးနွမ်းပြီး ရနံ့ပြယ်သွားမှာကိုစိုးလို့
မခူးရက်ခဲ့ပါဘူး
ဒါပေမဲ့
မင်းင့ါကိုမွှေးရနံ့လေးတွေပေးနေမယ်မဟုတ်လား
ချစ်သူရေ……..
မင်းရင်ထဲကအချစ်ကို ရယူပိုင်ဆိုင်ချင်ပေမယ့်
မင်းဘ၀သာယာနေတာကိုပဲ မြင်ချင်ခဲ့လို့
ရှေ့မတိုးရက်ခဲ့ပါဘူး
ဒါပေမဲ့
မင်းက ငါ့အချစ်တွေကိုအသိအမှတ်ပြုမပေးခဲ့ဘူးနော်……………

In: ကဗျာ Posted By: Date: Jul 12, 2010
Comment #1

ဟုတ်တယ်နော်
ကောင်လေးလဲဒီကဗျာလေးဖတ်မိစေချင်လိုက်တာ

commentinfo By: moe at Oct 8, 2010
Comment #2

ကောင်းတယ်နော် ။အရမ်းပဲ

commentinfo By: ကြယ်စင် at Oct 8, 2010
Comment #3

စာသားလေးတွေက အ၇မ်းကောင်းပါတယ် အားပေးနေပါတယ်။

commentinfo By: dan at Oct 8, 2010
Comment #4

ကျေးဇူးတင်ပါတယ်ဗျာ
ကဗျာလေးတွေဆက်ရေးနေပါတယ်
အားပေးပါဦးနော်

commentinfo By: ဒဿ at Oct 19, 2010
Comment #5

အားပေးသွားတယ်နော် … 🙂

commentinfo By: chityellusoelay at Aug 20, 2011
Comment #6

အရမ်းသဘောကျတယ်
အရမ်းလည်းကောင်းပါတယ်
အားပေးနေမယ်နော်

commentinfo By: မြတ်နိုး at Feb 10, 2012
Comment #7

bar phyit loh myar lwe de a loak ko khat aung loak chin kya tar le naw..
a yan htoo san de,,
kou chit de thu ko chit de loh pyaw dar a pyit shi loh lar?
kou ma khu le thu myar ka dot khu twar hmar pe lay,hote bu lar?
married p de thu tway a twat so yin dot lu hmu yae phout pyan tar pop.no good.

commentinfo By: ei lay at May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment