Professional Authors

ပြန်လာမည့် အချိန်

သူကတော့ပြောတယ်
“မေ့လိုက်ပါတော့” တဲ့
အရာရာလိုအပ်ခြင်းတွေထပ်နေတဲ့
ငါ့ဘ၀ထဲကို နင်မ၀င်ရဲတာလား
နင်ခြေလှမ်းပြီးထွက်သွားခဲ့တာ
ငါ့ရင်ထဲ ရှုပ်ပွနေရပြိ
နင်က အရိပ်တွေနဲ့ ခြောက်လန့်
အပြုံးတွေနဲ့လှည့်စား
ငါ့ အချစ်တွေကိုလည်း
ကစားသွားခဲ့တာ
တကယ်တော့ နင့်ရဲ့အချစ်က
စကူပန်းလိုပါပဲ
တခြားသင်းပျံ မွေးရနံတွေကိုတောင်
နမ်းရှိုက်ခွင့်မရနိင်အောင်
စိတ်ကူးတွေနဲ့ပဲ ရူးခဲ့ရ
အိမ်မက်တွေနဲ့ပဲ ယောင်ယောင်ပြီး တမ်းတ
မျှော်လင့်ချက်တွေနဲ့ ဆက်ရှင်နေရတာ
ငါ့ ဘ၀ရဲ့ တစိတ်တဒေသကို
ခက်ခဲစေခဲ့တယ်
နင် ပြန်လှမ်းလာခဲ့ပါလား
ချစ်သူ

In: ကဗျာ Posted By: Date: Nov 23, 2012
Comment #1

သူကတော့ပြောတယ် မေ့လိုက်ပါတော့တဲ့ အရာရာလိုအပ်ခြင်းတွေထပ်နေတဲ့ ငါ့ဘဝထဲကို နင်ဝင်မလာရဲခဲ့တာလား ချစ် သူ

commentinfo By: မေပျို at Nov 23, 2012
Comment #2

ငါ့ဘ၀ထဲကို နင်မ၀င်ရဲတာလား??????

commentinfo By: mayviolet at Nov 23, 2012
Comment #3

If Paper flower,,,no way to control heart beat.
If senseless flower,,,Impossible to attract.
If dry flower,,,cant afford to play heart-rate.
😛
She must b an evil.

commentinfo By: ei lay at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment