Professional Authors

သတိထားပါ

ပန်းဆိုတာလည်း ခနတာလှတာပါ
နမ်းရှိုက်ခွင့်တွေ များလာတဲ့အခါ
ပန်းလှဆိုတာလည်း ညိုးသွားတတ်တယ်……

လှတဲ့ပန်းကိုမှ လူတိုင်းကကြိုက်ကြတာ
မွေးတဲ့ပန်းကိုမှ နမ်းရှိုက်ချင်ကြတာ
နမ်းလို့ဝရင် စွန့်ပစ်စမြဲပါ….

ပန်းလှကို လူတိုင်းလိုချင်ကြတာ
ပိုင်ဆိုင်ချင်ကြတာ ချည်းပဲ..
ပိုင်ဆိုင်လို့ဝရင် ဂျောင်ထိုးထားစမြဲပါ….အမိ..

အမိလည်း သိလောက်မှာပါ
အပြောကောင်း မယုံမိနဲ့
ဥစ္စာပေါတိုင်း မယုံစေနဲ့
တစ်ခါမှားရင် တစ်သက်သွားရောတဲ့
ကြားဖူးမှာပါ…..

တော်ရာမှာနေ တော်တာကိုဝတ်၊စား
ယောက်မတတ်နဲ့ ပက်လက်ကျလိမ့်မယ်
အမိဘဝတွေက ပန်းကလေးနဲ့တူတယ်
ခူးခွတ်နမ်းရှိုက်သူများတယ်….

ရုပ်လှလို့ သွား မစမ်းနဲ့
စိတ်ညစ်ပြီး သေသွားမယ်
မြောင်းပေးတိုင်း ရေမဆင်းနဲ့
ဘဝရေးမို့လို့ပါ ပြောတာပါ……..

လွယ်လွယ်နဲ့ပြောတတ်တဲ့ပါးစပ်တွေနဲ့
ချစ်ဟန်ဆောင်တဲ့ အပြုံးတွေကြားမှာ
အမိ သတိထားပါ……

ယောက်းကျားတိုင်းဟာ
မြောင်းပေးသူပါ ရေမဆင်းမိဖို့က
အမိတို့ တာဝန်နော်
ရင်ခုန်အောင်လည်း မနေနဲ့
ရင်ဖိုအောင်လည်း မလုပ်နဲ့
စိတ်လေသွားရင်တော့ ပြသာနာနော်……….

မီးစိမ်းတိုင်းလည်း မဖြတ်နဲ့
မီးနီတိုင်းလည်း မရပ်နဲ့
ပါးစပ်ဖျားမှာ စက်ကွင်းရှိတယ်ဆိုတာ သိထားပါ……

ကိုယ်ချင်းလည်းစာ
မေတ္တာဖြင့်သာ ပြောပြတာပါ..
အမိများ…ဆောင်သင့်တာဆောင်
ရှောင်သင့်တာဆောင်ပြီး
မယုံလွယ်ဘဲ အချစ်ခရီးဆက်လှမ်းနိုင်ပါစေလို့ ဆုမွန်တောင်းလျက်
                                                                                     စိုး……………………

In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1

hote ke par shin,,

commentinfo By: ei lay at Jan 24, 2012
Comment #2

warning

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment