Professional Authors

အငြိုး – 2

“ပြန်လာပါ လား ကွယ် “ 

“ငါမျှော်နေသေးတယ်”

နှုတ်ဖျားမှမဟုတ်

ရင်တွင်းမှ နူးညံ့စွာတောင်းခံ

ငဲ့ ညှာ မှု လေး တခု

ငါဟာ နေ့မသိ ညမရှိ အခါအလပ်မရှိအောင်

မူးမှောက်ကာရူးမိုက်နေခဲ့

နေ့စွဲပေါင်းများစွာ ငါ့ပြက္ခဒိန်မှာ ပျောက်ရှ ခဲ့ဖူးတယ်

 

နင်တင်ထားတဲ့ WALL POST အသစ်လေး

ငါမဟုတ်သောတွဲလက်တွေ နဲ့ နင် နွှဲပျော်ခဲ့

ငါသိနေလည်း

အဝေးထွက် ခြေလှမ်းတိုင်းမှာ ငါ့ထွက်သက်ကိုခင်း

လှည့် ကြည့် စာ နာ မှုလေးတခု…….တောင်းတနေဆဲ

ငါ

ဗီလိန်လူကြမ်းထက်လည်း ပို မိုက်ရိုင်းခဲ့ဖူးတယ်

 

ချစ်ပါ ခင်ပါ ပျော်ရွှင်နေပါ  ငါ ပြောမထွက်ဘူး

ငါသုတ်ခဲ့တဲ့ မျက်ရည်စက်တိုင်းအတွက်

သခင်မဲ့တဲ့ လမ်းစမျိုးတွေသာမြင်

တကယ်တော့   နင် ငါ့ကို

စွန့်ပစ် ခဲ့တာ

 

အခြေအနေဆိုးတွေနဲ့ ငါဟာ မိတ်ဖွဲ့လို့

အိပ်စက်နေခဲ့  လက်တွေ့မှာ

ငါဆိုတာ နင်ထင်ထားတာထက် ပို မာကျောနေခဲ့တယ်

 

နေစေတော့

နင်နှင်တဲ့ လမ်း ထက် ငါထွင်တဲ့လမ်းပေါ် ငါ ဆက်လျှောက်မယ်

 

အဆုံးအစမဲ့သော လောက ကမ္ဘာထဲ

တယောက်ထဲ အသဲကွဲအနေခက်နေလည်း

နင်မမက်တဲ့ ငါ့ရင်ခွင်

အချစ်ပန်းတွေမဲ့ခဲ့ရင်တောင် လန်းဆန်းစွာ အပြုံးပွင့် ဝေနေစေ့မယ်

ရက်စက်ခဲ့သောနင်

တခေါက်တခါ အရောက်လာမယ့် ကံကြမ္မာ အောက်

ဖျားနာကင်းနေစေဖို့ ဆုမတောင်းခဲ့တော့ဘူး

 

နင်!!!! သံသရာအဆက်ဆက် ကျွမ်းလို့ကြေမယ်

ငါလိုလူရဲ့ အသဲကို ခွဲခဲ့သောအတွက် !!!

In: ကဗျာ Posted By: Date: Jun 22, 2012
Comment #1

မမိုး…ဘာရေးရေး ကောင်းနေတာပဲ….
ခံစားအားပေးသွားပါတယ်….အမ

commentinfo By: poem.poem28 at Jun 22, 2012
Comment #2

နင်!!!! သံသရာအဆက်ဆက် ကျွမ်းလို့ကြေမယ်

ငါလိုလူရဲ့ အသဲကို ခွဲခဲ့သောအတွက် !!!

သိပ်ကို မာန်ပါတဲ့ စကား . . . ..
ကြိုက်တာထက်ပိုတယ် .. . . ကဗျာထက်ပိုတယ် . . . . . ဓါးထက်ထက်လိုပဲ အားလုံး ကို ခွဲရှသွားတယ် . . . . . .

သိပ်ကောင်းတဲ့ ခံစားချက်ပဲ မမိုး . . . .

commentinfo By: လမင်းဇော် at Jun 22, 2012
Comment #3

ငါ ………….. ဆို ………….. တာ ………….
နင် ထင် ထား တာ ထက်
ပို………….. မာ ……….. ကျော …… နေ ……….. ခဲ့  …..တယ် ………………..

commentinfo By: sharon myorr myor at Jun 22, 2012
Comment #4

Kyauk sa yar g Naw.
He..he..
Ei ma par bu Naw ,ma moe ye a mone tway hte hmar.
🙂
🙂
Sate tway g nay par lar,,ma moe.
Ei taung ma sa ye dot bu,,kyauk lar p. He..he..

Ma Moe be lo yae yae ei a kone kyike de.
A yan daw de ma Moe.

commentinfo By: ei lay at Jun 22, 2012
Comment #5

ချစ်ပါ ခင်ပါ ပျော်ရွှင်နေပါ ငါ ပြောမထွက်ဘူး

ငါသုတ်ခဲ့တဲ့ မျက်ရည်စက်တိုင်းအတွက်

သခင်မဲ့တဲ့ လမ်းစမျိုးတွေသာမြင်

အဲ့ဒီ့စာသားလေးကိုကြိုက်တယ်နော်….ကဗျာတပုဒ်လုံးကိုလည်းကြိုက်ပါတယ်…..
အားပေးသွားပါတယ်နော်…။

commentinfo By: violet-13 at Jun 22, 2012
Comment #6

အစ်မတော်မိုးလက်ကတော့အရင်လို ထက်တုန်းဘဲဗျ
ကဗျာအဆုံးသတ်နားလေးက ကဗျာအတွက်အသက်လို့ထင်ပါတယ်
ကြိုးစားထားပါ အစ်မတော် အားပေးနေတယ် ~~~

With respect,
RAY

commentinfo By: X - ray at Jun 22, 2012
Comment #7

ကျွန်တော့်အလိုအပ်ဆုံး ကျွန်တော့်အားဆေးလေးများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment