Professional Authors

ရိုးသားမှု နဲ့ပဲ ဆက်လျှောက်နေမယ်………

အလုအယက် တိုးဝင်ဆဲ….
အပြင်မှာ မိုးတွေရွာနေတယ်…
ခြေထောက်တစ်ဖက်ထောက် လောက်ရုံ…
ခန္ဓာကိုယ် မိုးလွတ်ရုံ…
ခဏလောက် ၀င်ခိုချင်တာသက်သက်ပါ…..

ရောက်နှင့်နေတဲ့သူတွေက…
နေရာဖယ်မပေး…
တချို့ဆို နှစ်နေရာစာ…..
တချို့ကတော့ မဆိုင်သလိုနေ….
အနည်းငယ်ကတော့ စာနာတဲ့အကြည့်နဲ့ကြည့်…
သူတို့လဲဘာမှမတတ်နိုင်တာကို……

ပြန်လှည့်ထွက်လာခဲ့တယ်….
အတ္တကြီးနေတဲ့လူတွေကြား….
လောဘအငွေ့အသက်တွေကို မရှုချင်ဘူး….
သည်းချင်သလောက်သည်းစမ်း…
မိုးရေထဲပဲဆက်လျှောက်မယ်….
လွတ်လပ်တဲ့လေညှင်းရယ်…
အေးမြတဲ့ မိုးစက်ရယ်….
အထိအတွေ့က မနူးညံ့ပေမယ့်….
မိုး…စိုနေရတာကို ဂုဏ်ယူတယ်….

အတ္တတွေကို မိုးနဲ့အတူခွာချ….
ရိုးရှင်းတဲ့ဘ၀မှာ….
နှာစေးနေပေမယ့်….
သူများမျက်ခုံးပေါ် စင်္ကြန်မလျှောက်ခဲ့တဲ့အတွက်….
ဂုဏ်ယူမိတယ်…
ဒီ မိုး….
သည်းချင် သလောက် သည်းစမ်းပါစေ……..
ရိုးသားမှုနဲ့ပဲ ဆက်လျှောက်နေမယ်…………။           ။

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

right,,
so nice,,
i totally agree with u,

commentinfo By: ei lay at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment