Professional Authors

ဇူလိုင် ၁၉

အဲဒီနေ့က………
မိုးတွေရွာနေခဲ့တယ်….တဲ့
အဲဒီနေ့က………..
အသဲတွေကြွေပြုန်းခဲရတယ်…တဲ့
…အဲဒီနေ့က………..
နိုင်ငံအတွက်အကြီးအကျယ်နစ်နာခဲ့

ရတယ်တဲ့
အဲဒီနေ့က…………
ကံဆိုးမိုးမှောင်ကျခဲ့တဲ့လူကြီးလူကောင်းတစုရှိခဲ့တယ်
အဲဒီနေ့က…………
အသားထဲကလောက်ထွက်တဲ့သူတွေအောင်မြင်ခဲ့တယ်
အဲဒီ့နေ့က……….
အဲဒီနေ့ကပေါ့…….
ကျွန်မတို့ဖခင်ကြီးကိုဆုံးရှုံးခဲ့ရတာ။ ။
In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

ရင်နာစရာက.. ကျန်ခဲ့တဲ့ သားသမီးမိုက်တွေက..
အဲဒီဖခင် ဆုံးတဲ့နေ့ မဆိုထားနှင့်..
မွေးတဲ့နေ့ ကိုတောင်… အသိအမှတ် မရကြတော့တာပဲ..။
Saint Valentiuns ကိုတော့.. ဂုဏ်ပြုတတ်ကြတယ်..။
အီတလီက သူတော်စင် က ငါတို့နဲ့ဘာများဆိုင်လို့လဲ….
သွားလေသူ ဖခင်ကြီးရေ…
ခင်ဗျား ပြုစုပျိုးထောင်ဖို့ အသက်ပါ ပေးခဲ့ရတဲ့.
ခင်ဗျားသားသမီးတွေအတွက်…
ကျွန်ုပ် ရင်နာလို့ မဆုံးပါဘူး… ။

commentinfo By: sorrower.kl at Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment