Professional Authors

ပန်း

ငါသေသွားခဲ့ပြီ
ငါ့ရဲ့ လူ့ဘ၀ သက်တမ်းကတိုလွန်းလှတယ်
ငါမြင်နေသမျှ စက်ဆုပ်စရာမြင်ကွင်းတွေပြည့်နှက်နေတယ်
သူရော……..
ပန်းကလေး
ပန်းတစ်ပွင့်လို လှပခဲ့ပါရဲ့ ၊ ပန်းတစ်ပွင့်လိုဖြူစင်ခဲ့ပါရဲ့
ငါ့မျက်ရေ တွေနဲ့ ဖူးပွင့်ခဲ့တဲ့ ပန်းလေး
နင်အခု ပန်းဝင်စားနေမလား……..
ဒီလောက် ပျော်ရွှင်နေတဲ့အချိန်တွေမှာ
ကံကြမ္မာကို ဂရုမစိုက်ပဲ ဟားတိုက်ရယ်နေခဲ့တဲ့
ချစ်သူနှစ်ယောက် ကံကြမ္မာရဲ့ သဘောထား
သေးသိမ်မှုတွေကြောင့် ကွဲခဲ့ရလေရဲ့……..
နင်မိုက်မဲခဲ့တာလား ဒါမှမဟုတ်ငါကပဲ ခေါင်းမာခဲ့တာလား
ဒီလောက်ချစ်ခဲ့ရက်နဲ့ ရက်စက်လိုက်တဲ့ ကံကြမ္မာ
ကြမ်းတမ်းလိုက်တဲ့ ကံတရား
မုန်တိုင်းထန်နေခဲ့တဲ့ လောကဓံ
ဒါတွေကို ငါစိန်ခေါ်မိတာမှားပြီလား…….
ပန်းပွင့်တွေအများကြီးရှိတဲ့ကြားက ပန်းတစ်ပွင့်ကို ချစ်မိတာ အပြစ်လား
ငါ့ဘ၀ကို ပဲစာလုံးပေါင်းလာလာမှားလို့ စိတ်ပျက်မိတယ်
မင်းရှိတဲ့ အပင်ပေါ်မှာငါလဲ ရှိနေတယ်
ဝိညာဉ်တစ်ကောင်အဖြစ်နဲ့ပေါ့….………
In: ကဗျာ Posted By: Date: Jun 12, 2012
Comment #1

wow,,
😛

commentinfo By: ei lay at Jun 19, 2012
Comment #2

!_!

commentinfo By: ei lay at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment