Professional Authors

ရင်ခတ် ပန်း

ချည်နှောင်တဲ့ ကြိုးက
ရင်မှာလေ တိုးဝှေ့လို့
မကြေငြာတဲ့ အရိပ်တွေ
ခံစားချက်နဲ့ ချိတ်ဆက်ရင်း
လေလှိုင်းက သတိပေးလို့
မြတ်နိုးမှုတွေ ရင်လှိုင်းခတ်ခဲ့
မတည်ငြိမ်တဲ့ စိတ်တွေကို
ရင်ခတ်ပန်းက ငြိမ်းစေခဲ့တယ်လေ…။

မမြင်ရတဲ့ ကြိုးက
နှောင်ဖွဲ့တဲ့ သံယောဇဉ်ဖြစ်
ရုတ်တရက် ညည်းတွားရင်း
ခံစားမှုတွေ ရင်လှိုင်းခတ်ခဲ့
သေခြာနေပြီ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ဆွဲဆောင်ခဲ့ပြီလေ…။

စွဲငင်အားကောင်းတဲ့ ကြိုးက
သံမဏိကို ဖြတ်တောက်ပြီး
နှလုံးသားမှာ နေရာယူခဲ့
လိုအပ်ချက်ကိုသိတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ရနံ့ပေးခဲ့ပြီလေ…..။

လိုင်းမရှိတဲ့ ကြိုးက
အိပ်ယာပြင်ထက်မှာ ချည်နှောင်ရင်း
အိပ်ပျက်မှုတွေ ခံစားခဲ့
အသုံးမကျတဲ့ လိုအပ်ချက်က
နှလုံးသားကို ရိုက်ခတ်ရင်း
ဖိစီးမှုများတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက အိပ်ငွေ့ချခဲ့ပြီလေ….။

ဒဏ္ဍာရီဆန်တဲ့ ကြိုးက
ခေတ်အဆက်ဆက်ကို ထိန်းသိမ်း
အမည်မသိတဲ့ နှောင်ကြိုးတွေနဲ့
မော်ဒန်ခေတ်မှာ စီးဝင်ရင်း
ခရီးကျွန်ခဲ့တဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ခရီးဆက်ခဲ့ပြီလေ….။

အရိပ်မဲ့တဲ့ ကြိုးက
ကမ်းလွန်ပြင်ကို ခရီးဆက်ရင်း
နှင်းထုတွေကြား ပျောက်ဆုံးခဲ့
ရှာသူမသိတဲ့ ဒီစိတ်ကို
ရင်ခတ်ပန်းက ရှာပေးခဲ့ပြီလေ…..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

nar ma le bu..
he,,he..
phat loh dot a yan kaung de,

commentinfo By: ei lay at Dec 4, 2011
Comment #2

အင်း ကောင်းရမယ် ညီမ………… အခု ဘာတွေလုပ်နေလဲ….အားပေးမှုကို ကျေးဇူးတင်ပါတယ်နော်…

Comment #3

he,,he,,
a khu ka poem phat de,,comment pay de,,business pi si lay loak nay de.
ne ne kyar yin,,a loak p yin dot ,,twar sa yar shi de,

commentinfo By: ei lay at Dec 4, 2011
Comment #4

အင်း ညီမကတော့ ကဗျာတွေ တော်တော် ဖတ်ဖြစ်တယ်ထင်တယ်နော်.. ညီမ..
အခုလို ခင်မင်မှု ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ညီမ…ခင်ခင်မင်မင်… တက္ကသိုလ်မြတ်မင်း

Leave Comments

Name*

Email*
Website
Email me whenever there is new comment