Professional Authors

ဘယ်လိုမျိုးလဲ (သက်ထွေး)

မင်းဟာ
ဘယ်လိုလူမျိုးလဲကွယ် ..
မျက်ဝန်းတစ်စုံရဲ့ အတိမ်အနက်
ချိန်တွက်လို့မှ မထားခဲ့လေသလား ..
ဘယ်လိုဆုမျိုး
သူတို့ မင်းကို ပေးခဲ့သလဲ ..
ကျိန်စာဆိုတာ လိမ်တာပါတဲ့ …

ခဏ ..
ဘယ်လိုအကြည့်မျိုးလဲကွယ် …
စူးရှခဲ့လေရဲ့ ..
စိတ် အကြည် အနောက် ဖေါက်သောက်ရင်း ..
မင်းပြုံးခဲ့ ….
ဘယ်လိုအပြုံးမျိုးများလဲကွယ် ..
ဓားမထောက်ပဲနဲ့ …
မင်းဘဝကိုမင်း ပုံအပ်ခဲ့ပါရဲ့ …

ကြွေလွင့်လို့သွားခဲ့ပြီလား
ခြွေလွင့်လို့ ထားခဲ့တာကိုး ….
ဒီမြေကြီးမှာကြီးပြီး ..
ကောင်းကင်ယံမှ တက်နေချင်သတဲ့လား ..
ဘယ်လိုအတွေးမျိုးလဲကွယ် …
အရာရာဟာ …
မြင့်ရာမှ ..နိမ့်ရာကို စီးဆင်းကြတတ်စမြဲ
ကောင်မလေးရဲ့ …

ဥစ္စာရွှေငွေနဲ့ ..
မတည်မြဲသော ရူပကာ တရား ..
ဂုဏ်ဒြပ်နဲ့ .. သင်္ခါရ ကျော်ကြားမှုများကြား ..
မင်း ရွှင်မြူးပြီး ကခုန်နေသလား ..
ဘယ်လိုညမျိုးလဲကွယ် …
လရောင်တောင် ရှောင်ထွက်
မင်းကို ကျောခိုင်းသွားရက်ကြပြီလား ..

သက်ထွေး
ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၂း၄၇ ၂ဝဝ၈

—————————————————————-
မှတ်မှတ်ရရပါ ။ Jan 18 2008 က ကဗျာနှစ်ပုဒ် ဆက်တိုက် ရေးဖြစ်ပါတယ်။ မနှစ်သက်ခြင်းများနဲ့ ဒီကဗျာနဲ့ပါ။ ဒီကဗျာက ကျွန်တော်ရေးဖူးသမျှ ကဗျာထဲမှာ ရေးသားချိန် အတိုဆုံး ကဗျာပါ။ ၅ မိနစ်ပဲ ကြာပါတယ်။ Quality ကလဲ ရေးသားချိန် အတိုင်းပါပဲ မကောင်းပါဘူး။ အမှတ်တရ အနေနဲ့ ပြန်တင်လိုက်ပါတယ်။

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

မကောင်းဘူးဆိုပြီး အတင်းကိုငြင်းထားတာပဲကိုး…

ကြွေလွင့်လို့သွားခဲ့ပြီလား
ချွေလွင့်လို့ ထားခဲ့တာကိုး ….
ဒီမြေကြီးမှာကြီးပြီး ..
ကောင်းကင်ယံမှ တက်နေချင်သတဲ့လား ..
ဘယ်လိုအတွေးမျိုးလဲကွယ် …
အရာရာဟာ …
မြင့်ရာမှ ..နိမ့်ရာကို စီးဆင်းကြတတ်စမြဲ
ကောင်မလေးရဲ့ …

ကြိုက်တယ် အဲဒါလေး…

commentinfo By: melodyphyO at Jun 2, 2010
Comment #2

ကောင်းပါတယ်ဗျာ…
အားပေးသွားပါတယ်…

commentinfo By: yaewintaung at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment