Professional Authors

စိတ်ကူးစိတ်သန်း

လူတွေ လေယာဉ်ပျံစီးနိုင်ဖို့ စိတ်ကူးစိတ်သန်းဟာ ငှက်တစ်ကောင်လို
သူ့ကိုယ်သူ အတောင်ပံခတ်ကြည့်ခဲ့မှာပေါ့
စိတ်ကူးစိတ်သန်းဟာ ရိုဒင်ရဲ့ရှေ့မှာ `အတွေးသမား´ကို ထိုင်စေခဲ့တယ်
စိတ်ကူးစိတ်သန်းဟာ မိုနာလီဇာက လီယိုနာဒို ဒါ ဗင်ချီကို
နှစ်နှစ်ခြိုက်ခြိုက် ပြုံးကြည့်စေခဲ့တယ်
စိတ်ကူးစိတ်သန်းဟာ နယူတန်ဆီ ကမ္ဘာသစ်စေမယ့်ပုံသေနည်းလို ကြွေကျခဲ့တယ်

စိတ်ကူးစိတ်သန်းသာ မရှိရင်
ရှိတ်စပီးယားလည်း ရှိမှာ မဟုတ်၊အိုမာခယမ်လည်း ရှိမှာ မဟုတ်ဘူး
စိတ်ကူးစိတ်သန်းကြောင့်သာ
ဗင်းဆင့်ဗန်ဂိုးနဲ့ပေါလ်ဂေါ်ဂင် ငါတို့ဆီကို ရောက်ခဲ့တာ
စိတ်ကူးစိတ်သန်းကြောင့်သာ
`ရောမက မိန်းမပျက်´နဲ့`ဖုန်းဆိုးမြေ´ ငါတို့ဆီကို ရောက်ခဲ့တာ
စိတ်ကူးစိတ်သန်းဟာ အခု ငါ့အခန်းထဲမှာ
လူမမာတစ်ယောက်လို လဲလျောင်းလို့

ဟစ်တလာကနေ ဘင်လာဒင်ထိ စိတ်ကူးစိတ်သန်း
ချားလ်စ် ဒါဝင်ကနေ စတက်ဖန် ဟော့ကင်းထိ စိတ်ကူးစိတ်သန်း
အနန္တသူရိယကနေ မောင်ချောနွယ်ထိ စိတ်ကူးစိတ်သန်း
စိတ်ကူးစိတ်သန်းတစ်ခုကနေ နောက်စိတ်ကူးစိတ်သန်းတစ်ခုထိ
လက်ဆင့်ကမ်းစိတ်ကူးစိတ်သန်းခဲ့ကြတယ်
စိတ်ကူးစိတ်သန်းဟာ လက်ကိုပြန်ရှမယ့်ဓားမိုက်တစ်လက်ကို
တသသသွေးနေရခြင်းဆိုတာ မသိရင် စိတ်ကူးစိတ်သန်းလိုပဲ

သူ့ငယ်နာမည်က `အရူးထမှု´
ဒီကဗျာကို ရေးတဲ့လူ အခုထိ ဘယ်သူမှန်းမသိကြသေးဘူး

                                                                              ကိုသျှား

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

hin,,ti par de,,ko shar lay loh…
😛 😛

really nice.
get lots of knowledges.

commentinfo By: ei lay at Jun 7, 2012
Comment #2

စကားလုံးရွေးသုံးထားတာတွေမိုက်တယ်။
ကိုသျှားရေ……တော်တော်ကြာကြာဖတ်မိတယ်။ 🙂

commentinfo By: terry at Jun 7, 2012
Comment #3

စိတ်ကူးစိတ်သန်းဟာ . . . (မီးခိုးမဆုံးမိုးမဆုံးပဲ) . . ။ 😉

commentinfo By: နတ်သမီး at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment