Professional Authors

ဘာကိုမှ ခေါင်းစဉ်မတပ်လို ပါ

ဘာကိုမှခေါင်းစဉ်တပ်ပြီး…မပြောလိုပါ
အရှေ့ အနောက် အရပ်လေးမျက်နှာ
အကုန်လိုက်မစူးစမ်းနိုင်ပါ
ခွန်အားရှိသမျှတော့..ခြေဆန့် ပါမည်
အချစ်စစ်နဲ့ တွေ့ တုန်း တွေ့ ခိုက်
အသည်းနှလုံးနဲ့ တကွ
အလွမ်း..အဆွေး..ခံစားချက် အကုန်ပေးလိုက်ခဲ့သည်
ကျန်ရင်ခုန်မှူ အတုအယောင်များ…
မျက်စိမှိတ်ပြီး..သာဓုခေါ်ပါ
မှန်သောစကားတစ်ခွန်း..
တစ်ယောက်သောသူကိုတော့ ..တစ်ဘ၀စာ ချစ်ခဲ့ပါသည်
အညာသားပေမို့ လည်း အညာမြေကို ချစ်မြတ်နိုးသည်
မွေး၇ပ်နယ်မြို့ လေးကိုလည်း လွမ်းသည်
ဘာကိုမှ မကြုံးဝါးပဲ…
မာနတွေကို အထပ်ထပ် ဖုံးဖိကာ..
ထွက်လာခဲ့သော်ငြားလည်း..
မျက်လုံးတစ်ထောင်ကျော်ကို
အာရုံနောက်စေခဲ့မိသောကြောင့်..
စိတ်မပါလက်မပါ တောင်းပန်ပါသည်
မျှော်လင့်ချက်တွေ အထပ်လိုက်နှင့် 
သားရှေ့ က မားမားရပ်တည်ကာ..
တစ်ဘ၀စာ..သားအတွက်ဟု..ပေးအပ်ခဲ့သော
မွေးမိသခင် မာတာ မိခင်အား..
မျှော်လင့်ချက်တွေ မှေးမှိန်စေခဲ့သောကြောင့်..
ဘ၀ အဆက်ဆက် ကိုယ်ရော စိတ်ပါ တောင်းပန်ပါမည်..
ရှေ့ အနာဂါတ်တွေမှာတော့ ..သားမိုက်…ဟုသော
ရာထူးအရာခံ အား .သားမိုက် ကိုယ်တိုင် ပယ်ဖျက်ပေးနိုင်ပါလိမ့် မည်..
“စစ်ပွဲတစ်ရာတိုက်ရခြင်းထက်..မိမိစိတ်ကို တိုက်ရခြင်းက ပိုခက်ခဲသည်”
ဆိုသော ထိုအဆိုအား..ယခုအချိန်ထိ
လက်ခံနေရဆဲ “စိတ်” အား.
အရသာခံကာ သတ်ပစ်ချင်သည်
ယခု အသက်အရွှယ်ထိ ..သူငယ်ချင်း…ဆိုသော ဝေါဟာရကို
သဘောမပေါက်နိုင်အောင်ဖုံးလွမ်းနေသော
..ငွေ.နှင့်.အတ္တ..အား နူ ဗုံး ကြဲချ ပီးဖြောက်ဖျက်ခြင်သည်…….
မောင်ချောနွယ်..ဖော်ဝေး..
ဇေယျာလင်း.သစ္စာနီ..မောင်ယုပိုင်.နေမျိုး
ကဗျာတွေဖတ်သောလည်း.
ဘာကိုမ နားမလည်ပါ.
ထိုအတွက်ကြောင့်တော့ ..စိတ်အတွင်း အနှောင့်အယှက် မဖြစ်ပါ.။…….။(လုလင်ငယ်သွေး)

In: ကဗျာ Posted By: Date: Aug 14, 2011
Comment #1

“စစ်ပွဲတစ်ရာတိုက်ရခြင်းထက်..မိမိစိတ်ကို တိုက်ရခြင်းက ပိုခက်ခဲသည်”
အမှန်ဘဲ ကဗျာတစ်ပုဒ်မှာလဲ ဒီလိုဖတ်ဖူးတယ်လေ.. “စိတ်ကိုစိတ်နဲ့တိုက်တာအကျအဆုံးအများဆုံးပဲတဲ့”
အဲ့ဒါသိပ်မှန်တယ်သိလားးး (အားးးမလျှော့နဲ့သူငယ်ချင်းးး 🙂

commentinfo By: နတ်သမီး at Aug 15, 2011
Comment #2

ကျေးဇူးပါ

Comment #3

ကောင်းတယ်

commentinfo By: စမ်းရေအေး at Aug 17, 2011
Comment #4

အညာသားပေမို့ လည်း အညာမြေကို ချစ်မြတ်နိုးသည်

အညာသားချင်း အားပေးပါတယ်

commentinfo By: kaungkinsoe at Nov 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment