Professional Authors

မိုင်တိုင်-၈၈

မိုင်တိုင်-၈၈

 

ငါကသဘောထားကြီးပါတယ်လို့….။

မရယ်ပါနဲ့ တကယ်ပြောတာ

မောင်ချောနွယ် မေးသလိုမေးရရင်

ဘယ်သူက တဒီးဒီးမြည်နေတဲ့

လမ်းကြိတ်စက်ကြီးအောက်

ခေါင်းထိုးပေးခံ ကဗျာရေးရင်း

သဘောထားကြီးရဲသလဲလို့လေ….။

နောက်ရှိသေးတယ်

 ဘယ်သူက ကိုယ်နှလုံးသားကိုယ် မီးမြိုက်ပြီး

အဲဒီ့မီးကိုလှုံရင်း သဘောထားကြီးရဲသလဲလို့….။

အဲ့ဒါလည်း မောင်ချောနွယ်စာသားပဲ

သဘောထားကြီးဆိုတာကတော့

ဒီတစ်ကောင်ကကိုယ်ဘာသာကိုယ်ထည့်ထားတာ

နင်သိပါတယ် ငါကရူးနေတယ်

ဒါကြောင့် ငါကသဘောထားကြီးပါတယ်လို့လေ…။

 

မြေနံ့

In: ကဗျာ Posted By: Date: Jun 26, 2011
Comment #1

အားပေးလိုက်တယ် မြေနံ့…။အောင်မြင်နိုင်ပါစေ…။

Comment #2

;))))

commentinfo By: ကိလေသာ at Jun 26, 2011
Comment #3

🙂

commentinfo By: ဖိုးနမ်း at Jun 27, 2011
Comment #4

ကဗျာလေး ကောင်းသဗျ
လက်တွေကတော့ ထက်မြဲ ထက်ဆဲဘဲဗျနော်
ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment