Professional Authors

ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ

ဘ၀နဲ့မျှော်လင့်ချက်ကြား ပုံပြင်တစ်ပုဒ်စာ ခြားတယ်
ဝင်းမှည့်နေတဲ့နှင်းဆီတစ်ပွင့်ဟာ
နီထွေးထွေးနှုတ်ခမ်းတစ်စုံရဲ့ပုံတူပန်းချီကားလား
မင်းကိုယ်သင်းနံ့တိုက်စားတိုင်းတုန်ခါသွားတဲ့ငါ့စိတ်ဟာ
ဘယ်လိုမှ ပြန်ခေါ်လို့မရဘူး
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ

လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ

မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်
ငါ မင်းကို ဖွဖွလေး လွမ်းနေပါတယ်ခရမ်းပြာ

                                                               ကိုသျှား

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်
ငါ မင်းကို ဖွဖွလေး လွမ်းနေပါတယ်ခရမ်းပြာ
…………………………
သဘောကျလိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Dec 3, 2011
Comment #2

so so nice,
so so nice,,
want 2 cry af reading.

commentinfo By: ei lay at Dec 3, 2011
Comment #3

လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ

မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့

စာသားတွေ အရမ်းကောင်းတယ်ဗျာ။ လေးစားပါတယ်။

ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Dec 4, 2011
Comment #4

လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
ကောင်းတယ်ဗျာ…. GOOD

Comment #5

အစ်ကိုကဗျာကို တစ်ကယ်ကြိုက်တယ်…ဗျာ…

commentinfo By: လရောင် at Dec 4, 2011
Comment #6

ကဗျာ ထဲ က ပြောချင်တဲ့ အဓိပ္ပါယ်ကို ရေးရေးလေး မြင်လိုက်ရတော့ ရင်တွေ တောင် မောသွားတယ် ဗျာ ခံစားချက် က သွားတူနေတယ်နဲ့ တူတယ် ကိုသျှား ရေ

commentinfo By: pooqee at Dec 4, 2011
Comment #7

ပုံပြင်တစ်ပုဒ်စာပဲ ခြားတဲ့အတွက် ဂုဏ်ယူပါတယ်…။
ကဗျာက အရမ်းကောင်းပါတယ်…။

commentinfo By: SoFarAwayFromU at Dec 4, 2011
Comment #8

ကောင်းတယ်ဗျ။ ကဗျာကောင်းလေးတစ်ပုဒ်ပဲ…
စာသားတွေလည်း မိုက်တယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 4, 2011
Comment #9

ရှာကြည့်မိပြန်တယ် ….။ 🙂
တွေ့တယ် ………။
အလွမ်းတွေ မျိုးစေ့ကြဲထားးတုန်းးး… ။

commentinfo By: နတ်သမီး at Mar 12, 2012
Comment #10

read again par

commentinfo By: ei lay at May 29, 2012
Comment #11

So much touching.
🙂

commentinfo By: ei lay at Nov 25, 2012
Comment #12

ကဗျာကို ဖတ်တာနဲ့တပြိုင်နက်ထဲမှာပဲ ပြင်းထန်တဲ့ခံစားမှုတွေရင်ထဲစီးဝင်လာလောက်အောင်စွမ်းတဲ့ ကဗျာတစ်ပုဒ်ပါ။သိပ်ပြောင်မြောက်ပါတယ်။

commentinfo By: lighthunter at Nov 25, 2012
Comment #13

ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
so good

commentinfo By: နွေ at Feb 9, 2013
Comment #14

အရမ်းကြိုက်တယ်

commentinfo By: ei lay at Feb 9, 2013
Comment #15

ဖွဖွလေးလွမ်းပြိး တအားနမ်းနိုင်ပါစေ……………… ကောင်းတယ်ဖျာ

commentinfo By: shinelalin at May 16, 2013
Comment #16

အရမ်းြးးကိုလွမ်းတယ်ကွာကီ

commentinfo By: ei lay at May 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment